MNDAA က တိုက်ပွဲအတွင်း အကျဥ်းသားတွေ ကယ်ထုတ်တယ်ခေါင်းစဥ်နဲ့ ပျောက်ဆုံးနေတဲ့သူများ

၂၀၂၄ ခုစ်၊ ဇူလိုင် ၂၉ ရက်

လားရှိးမြို အကျဉ်းထောင်မှာတပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲတွေကို ကိုးကန့်လက်နက်ကိုင် MNDAA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ခိုက်ခဲ့ချိန်မှာ ထောင်ပွင့်ပြီး အကျဉ်းသားတွေ လွတ်မြောက် ကုန်တယ်လို ကနဦး သိရပါတယ်။

တိုက်ပွဲအတွင်းလွတ်ကုန်တဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲဝင်နဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန် ပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေနဲ့ မီဒီယာတချို့က ဖော်ပြနေပေမဲ့ MNDAA ရဲ့ လက်အောက်ခံအဖြစ် ဝင်တိုက်ပေးနေတဲ့ BPLA တပ် ထူထောင်သူမောင်ဆောင်းခကတော့ ဦးထွန်းထွန်းဟိန်ကို ရှာဖွေနေတယ်လို ရေးသားထားပါတယ်။

“ဦးထွန်းထွန်းဟိန်နဲ့ နိုင်ကျဉ်းတချိုကို ကျနော်တိုရှာဖွေနေပါတယ်။ တိုက်ပွဲဖြစ်နေရင်း ထောင်ပွင့်သွားတော့ အကုန်လုံး လွတ်ရာကျွတ်ရာပြေးကြရင်း အဆက်အသွယ်လည်း သေချာမရလိုက်ပါဘူး။ ဘေးကင်းရာမှာရှိနေမယ်လိုတော့ ယုံကြည် ပါတယ်(သတ်ပုံမူရင်း)” လို မောင်ဆောင်းခက အသိပေးထားပါတယ်။

NLD CEC ဦးထွန်းထွန်းဟိန်ဟာ နောင်ချိုမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်းဖြစ်သလို ၂၀၂၁ ခုနှစ် ဖြစ်စဥ်မှာ ပုဒ်မ ၁၂၂ အပါအဝင် ပုဒ်မတချိုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံ ထားရသူပါ။ လက်ရှိမှာ သူလွတ်လာတာနဲ့ပတ်သက်လိုအတည်ပြုနိုင်သူမရှိဘဲ သမီးဖြစ်တဲ့မေသင်္ကြန်ဟိန်ကလည်း “ချစ်သောသူများ ခုချိန်မှာ မက်ဆေ့တွေ မပြန်နိုင်တာကို နားလည်ပေးပါနော်”လိုပဲ ရေးသားထားတာ တွေ့ရပါတယ်။

TNLA၊ MNDAA၊ AA အ​ပါအဝင် PDF တွေ မြိုသိမ်းပြီးတိုင်းမှာ နိုင်ငံရေးအကျဥ်းသားတွေ ကယ်ထုတ်တယ်ခေါင်းစဥ်နဲ့ အချုပ်ခန်းတွေ၊ အကျဥ်းထောင်တွေကိုဖောက်ထွင်းပြီး နိုင်ငံရေးအကျဥ်းသားတွေတင်မက ရာဇဝတ်သားတွေကိုပါ ခေါ်ထုတ်သွားတာ အချုပ်နဲ့ထောင် ၁၀ ခုဝန်းကျင်ရှိနေပြီဖြစ်ပြီး ရာဇဝတ်သားတွေကိုပြန်လွှတ်ပေးသလား၊ စစ်မှုထမ်းခိုင်းသလား၊ ဆက်ဖမ်းထားသလား၊ သတ်ဖြတ်ပစ်သလားဆိုတာကိုတော့ တိတိပပထုတ်ပြန်ကြခြင်းမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရည်းစားဟောင်းအကြောင်းကို သီချင်းရေးနိုင်လို့ မြန်မာနိုင်ငံရဲ့တေလာဆွစ်အဖြစ် ဂုဏ်ယူနေတဲ့ ပိုပို
Next post (၂၉-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ