ရတနာဗိုလ်အပေါ်မှာ လက်ဆော့ခဲ့ရပေမယ့် ဘာစိတ်မှမရှိပါဘူးဆိုတဲ့ ရန်အောင်

ဇာတ်လမ်းတွဲပရိသတ်တွေကြားထဲမှာ လတ်တလော လူကြိုက်များနေတာကတော့ ရင်ဖွင့်ပြချင်သည်ဆိုတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်က လက်ရဲဇက်ရဲရှိတဲ့အဘိုးကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ဆောင်တွေအားလုံးကလည်း ပီပြင်နေလို့ သဘောကျနေကြပါတယ်။

ရင်ဖွင့်ပြချင်သည်ဇာတ်လမ်းတွဲထဲမှာတော့ ရတနာဗိုလ်က အိမ်အကူမိန်းကလေးနေရာမှာ သရုပ်ဆောင်ထားပြီး လက်ဆော့တတ်တဲ့ ရန်အောင်ရဲ့လက်က မလွတ်ခဲ့တဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင် ရတနာဗိုလ်ရဲ့ပေါင်၊ တင်ပါးတို့ကို ကိုင်ရတဲ့ဇာတ်ဝင်ခန်းတွေကိုလည်း ရိုက်ကူးခဲ့ရပါတယ်။ ဒီလိုဇာတ်ဝင်ခန်းတွေက အရမ်းကို ပွင့်လင်းရဲတင်းနေလို့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

ဒါပေမယ့် ရန်အောင်ကတော့ အလုပ်သဘောအရကိုင်တာဖြစ်ပြီး ရတနာဗိုလ်အပေါ်မှာ အဖြူထည်ပါလို့ ဆိုပါတယ်။ ရိုက်ကူးရေးလုပ်နေတာဖြစ်လို့ လူအများကြီးရှေ့မှာ မီးတွေလည်းထိုးထားပါတယ်။ ရန်အောင်က ရတနာဗိုလ်ရဲ့ပေါင်ကို ကိုင် ဆိုလည်း ကိုင်လိုက်ရပြီး တင်ပါးကို ကိုင်ဆိုရင်လည်း ကိုင်ချလိုက်ရပါတယ်။ ပါးကိုလည်း ဂွပ်ဆိုပြီး နမ်းချလိုက်ရပါတယ်။ ဒါပေမယ့် ရန်အောင်က ရတနာဗိုလ်အပေါ်မှာ ဘာစိတ်မှမရှိတဲ့အတွက် အလုပ်လုပ်ရတာအဆင်ပြေတယ်လို့ ဆိုပါတယ်။ ရန်အောင်က ဝါရင့်သရုပ်ဆောင်ကြီးဖြစ်လို့ အောင်ရေချမ်းကလည်း သူ့ဆီကနေ သင်ယူနေခဲ့ရပါတယ်။ ရန်အောင် ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ပီပြင်တာကြောင့်လည်း အကယ်ဒမီဆု ၇ ဆုကို ရရှိခဲ့တာပါ။

ရန်အောင်က ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်ပြီး အခုအချိန်အထိလည်း ဇာတ်ကားတွေကို ရိုက်ကူးနေခဲ့ရပါတယ်။ မင်းသမီးအငယ်လေးတွေနဲ့ တွဲပြီးရိုက်ကူးတဲ့အခါမှာလည်း ရန်အောင်က သင်ကြားပေးတတ်သလို စေတနာကောင်းသူလည်း ဖြစ်ပါတယ်။ ရတနာဗိုလ်ကလည်း အရမ်းကို ကြိုးစားတာကြောင့် ရန်အောင်ကတော့ အံ့ဩချီးကျူးနေရပါတယ်။ နောက်ထပ်မျိုးဆက်သစ်သရုပ်ဆောင်တွေက ကြိုးစားမှုလည်း ရှိသလို ဒိုင်ယာလော့တွေကိုလည်း ချောနေအောင် ကျက်ထားနိုင်တာကိုလည်း ရန်အောင်က သဘောကျနေပါတယ်။

ရတနာဗိုလ်က အနုပညာလောထဲကို ဝင်ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်စုကျော်သွားခဲ့ပါပြီ။ အရင်တုန်းက ကြော်ငြာတွေထဲမှာသာ သရုပ်ဆောင်ခဲ့ရပြီး နာမည်မကြီးခဲ့ပါဘူး။ ဒါပေမယ့် အိမ်ထောင်ဇာတ်လမ်းတွဲထဲမှာ သူချစ်ခင်နေရာကနေ ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေရလာခဲ့ပါတယ်။ သူချစ်ခင်နေရာကို သရုပ်ဆောင်ခဲ့တာကြောင့် ရတနာဗိုလ်က အဆဲခံအဆိုခံခဲ့ရပါတယ်။ အနုပညာအရည်အချင်းတွေ ပြည့်ဝနေတဲ့ ရတနာဗိုလ်က မကြာခင်မှာပဲ ထိပ်တန်းမင်းသမီးနေရာကို အရယူနိုင်တော့မယ့်သူလည်း ဖြစ်ပါတယ်။ ရတနာဗိုလ်ကလည်း ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကို အလုပ်သဘောအရသဘောထားပြီး ရိုက်ကူးနိုင်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ မြန်မာဇာတ်ကားတွေမှာလည်း ဇာတ်ဝင်ခန်းတွေကို ပွင့်ပွင့်လင်းလင်း ရိုက်ကူးလာကြပါတယ်။ အချို့ကလည်း ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကို ကလေးတွေ အတုယူမှားမှာစိုးတာကြောင့် မရိုက်ကူးစေချင်ကြပါဘူး။ အချို့ကလည်း အနုပညာကို အနုပညာအဖြစ်သာ ခံစားတာကြောင့် ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကို လက်ခံကြပါတယ်။ လက်ရှိမှာတော့ ရင်ဖွင့်ပြချင်သည်ဇာတ်လမ်းတွဲထဲမှာ ရန်အောင်က စားဘဲကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ကြည့်ရှုနှုန်းများနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လာနေပါတယ်။

ရတနာဗိုလ်အပေါ်မှာ ဘာစိတ်မှမရှိပါဘူးဆိုတဲ့ ရန်အောင်အပေါ် ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရန်ကုန်မြို့ ၁၉ လမ်းရှိ Bar တစ်ခုတွင် ပေါက်ကွဲမှုဖြစ်