မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဗဟို ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပင့်သံဃာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာကို ယနေ့ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

ဝါဆိုလဆိုရင် ရုပ်ရှင်အစည်းအရုံးအနေနဲ့ နှစ်စဉ်လှူဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဗဟိုနဲ့ ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယိုအဖွဲ့နဲ့ ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)တို့အပြင် ဒီနှစ်က ဆရာမမြတ်သစ္စာကလည်း ဟင်းတွေနဲ့အချိုပွဲ နဲ့အလှူငွေပါ ပါဝင် ပူးပေါင်းပြီး လှူဒါန်းဖြစ်တာပါ။ စမ်းချောင်းမြို့နယ်က ပင့်သံဃာတစ်ပါးကို အလှူငွေ ၅သောင်းကျော်စီနဲ့ ဝါဆိုသင်္ကန်း၊ ထောပတ်ထမင်းနဲ့ ဆွမ်းဟင်းကပ်လှူခဲ့ကြပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ တရားနာယူခဲ့ပြီး ပင့်သံဃာ‌တော်တွေကို ဝါဆို သင်္ကန်း၊ ဆွမ်းခဲဖွယ်နဲ့ အချိုပွဲတွေ၊ ဝတ္ထုငွေတွေကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုဥက္ကဌ ဦးအေးကြူလေး၊ နာယက ဦးအောင်လွင်၊ နာယက ဦးနှင်းမိုး၊ ဇာတ်ညွှန်း ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး၊ အကယ်ဒမီ မြင့်မြင့်ခင်၊ အမှူဆောင် မတူး၊ သရုပ်ဆောင် သူဇာပွင့်၊ ဆရာမမြတ်သစ္စာ စတဲ့သူတို့ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက်သမားများ ဖောက်ခွဲမှုကြောင့် ရထားစက်ခေါင်း နှင့်အတူ လူစီးတွဲ ၂ တွဲ လမ်းချော်ကျမှု ဖြစ်ပွား
Next post အိန္ဒိယမှ ကင်ဆာကုသစက် ရန်ကုန်ဆေးရုံကြီးသို့ ပေးအပ်