အိန္ဒိယမှ ကင်ဆာကုသစက် ရန်ကုန်ဆေးရုံကြီးသို့ ပေးအပ်

မြန်မာနိုင်ငံရှိ ပြည်သူတွေအသုံးပြုဖို့အတွက် ကင်ဆာကုသစက် Bhabhatron II ကို အိန္ဒိယနိုင်ငံက ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးကို ဇူလိုင် ၁၈ ရက်၊ နေ့လယ်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကိုတော့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အခုလှူဒါန်းတဲ့ ကင်ဆာကုသစက် Bhabhatron II ဟာ အထူးကုသဖို့ လိုအပ်နေတဲ့ ကင်ဆာဝေဒနာရှင်တွေကို ဓာတ်ရောင်ခြည်နဲ့ ကုသမှုအတွက် နောက်ဆုံးပေါ်နဲ့ အထိရောက်ဆုံးနည်းပညာဖြစ်သလို ခန္ဓာကိုယ်ရဲ့ အစိတ်အ ပိုင်း အသီးသီးမှာ ကင်ဆာရောဂါကို ကုသစေနိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ နိုင်ငံတကာရှိ ကင်ဆာဌာန အသီးသီးမှ ထိ ရောက်တဲ့ ကုသမှုပုံစံအဖြစ် ကျယ်ပြန့်စွာ လက်ခံထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မိတ်ဆွေအိမ်နီးချင်းနိုင်ငံတွေအတွက် စီမံကိန်းဆိုင်ရာလုပ်ငန်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံအနေနဲ့ ရန်ကုန်အပြင် မန္တလေး၊ မုံရွာ၊ စစ်တွေနဲ့ နေပြည်တော်မှာရှိတဲ့ ဆေးရုံတွေကို ဆေး ဘက် ဆိုင်ရာ ကိရိယာတွေ ထောက်ပံ့ပေးပြီး ကျန်းမာရေးဝန်ထမ်း တွေကို စွမ်းဆောင်ရည် မြှင့်တင်ရေး အကူ အညီတွေကို တိုးမြှင့်ပေးခဲ့တယ်လို့လည်း ရန်ကုန်မြို့ အိန္ဒိယသံရုံးက ထုတ်ပြန် ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဗဟို ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း
Next post ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေလျက်ရှိကြောင်း နစက ထုတ်ပြန်