အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ရှမ်းယူနိုက်တက်နှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်း တို့ သရေရလဒ်သာထွက်ပေါ်ခဲ့

ဇူလိုင်လ ၁၈ ရက်

၂၀၂၄-၂၅ ခုနှစ် အာဆီယံကလပ် ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်တစ်ပွဲအား ယမန်နေ့ ဇူလိုင် (၁၇)ရက် ညပိုင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့်မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပွဲစဉ်အတွင်း အဖွင့်သွင်းဂိုးကို ကာဆူကာအသင်းက ပွဲချိန် (၄၄) မိနစ်အချိန်တွင် ဆူလီဗန်တေလာ ဆိုသူ ကစားသမားကသွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၇၉) မိနစ်တွင် ဟိန်းဖြိုးဝင်းက သွင်းယူပေးခဲ့ပါတယ်။

ယခုကစားသည့် ပွဲစဉ်ဟာ ပထမအကျော့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကာ၊ ၎င်းတိုနှစ်သင်းအနေနဲ့ ဇူလိုင် (၂၄) ရက်၌ ဒုတိယအကျော့အဖြင့် ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်း၌ ထပ်မံကစားကြရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ် တည်ဆောက်ခြင်း ပန္နက်တင်ပွဲပြုလုပ်
Next post ပခုက္ကူမြို့၊ အောင်သာကျေးရွာအတွင်း PDF များ တိုက်ခိုက်မှု ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ