ပခုက္ကူမြို့၊ အောင်သာကျေးရွာအတွင်း PDF များ တိုက်ခိုက်မှု ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အောင်သာကျေးရွာအတွင်းသို့ ယမန်နေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် သမားများသည် လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီးအပါအဝင် အပြစ်မဲ့ပြည် သူ ၃ ဦး သေဆုံးပြီး ဆရာမ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများက ယမန်နေ့နံနက် ၅ နာရီ ၂၀ မိနစ်မှ ၆ နာရီ ၂၀ မိနစ်အထိ ပခုက္ကူမြို့ အနောက်တောင်ဘက် မီတာ ၁၇၀၀၀ ခန့် အကွာတွင်ရှိသော အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမ ကြီး ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဆရာမ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်းသိရှိရပြီး ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာမ ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ရှမ်းယူနိုက်တက်နှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်း တို့ သရေရလဒ်သာထွက်ပေါ်ခဲ့
Next post တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ရွေ့လျားဈေးရောင်းပွဲတော်ကြီး ကို ၃ ရက်တိုင် ကျင်းပသွားမယ်