တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ရွေ့လျားဈေးရောင်းပွဲတော်ကြီး ကို ၃ ရက်တိုင် ကျင်းပသွားမယ်

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ လူဦးရေ ၁၀,၀၀၀ ခန့်ပါဝင်ဆင်နွှဲမယ့် ရွေ့လျားဈေးရောင်းပွဲတော်ကြီးကို ၃ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲတော်ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ Glamorizze မှ စီစဉ်ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်ရဲ့ ပထမရက်မှာ JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ၊ Junior Azalea Star အဖွဲ့မှ Baby Talent Show ၊ Rose Mary ရဲ့ ဖျော်ဖြေတင်ဆင်မှုတွေအပြင် joker ရဲ့ ရင်သက်ရှုမောဖွယ် တင်ဆက်မှုတွေ ပါ၀င်မှာ ဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ အသိပေးထားပါတယ်။

ဇူလိုင် ၂၀ ရက် ဒုတိယနေ့မှာ JOY BAND ရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများအပါအဝင် Zumba ကကြမည့် အစီအစဉ်များ၊ တိရစ္ဆာန်လေးများရဲ့ စိတ်ဝင်စရာကောင်းတဲ့ ထူးခြားချက်များနှင့် အထွေထွေဗဟုသုတများကို ဆွေးနွေးပြောကြားမည့် အစီအစဉ်တွေ ထည့်သွင်းထားသလို့ ဇူလိုင် ၂၁ ရက် အပိတ်နေ့မှာတော့ DESKS Band ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ Zumba Lei နဲ့ အတူ Zumba ကကြမည့် အစီအစဉ်တွေအပြင် Monster Dance Group ရဲ့ အကအလှများ၊ တေးသံရှင် Phyo Kyaw Htike ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပါ၀င်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရင်သက်ရှုမောဖွယ် မျက်လှည့်ပြကွက်များ၊ ချစ်စရာကောင်းတဲ့ ငှက်လိမ္မာလေးများနဲ့ ဓါတ်ပုံရိုက်ကူးခြင်း၊ Keeper Talks Program တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ပညာပေးပြကွက်၊ တိရစ္ဆာန်လေးများနဲ့ပတ်သက်တဲ့ ဉာဏ်စမ်း အမေးအဖြေအစီအစဉ်နှင့် တခြားသော ဗဟုသုတရဖွယ်ရာများ ပြသပေးထားမယ့် Zoo and Animal Education Booth များလည်း ပွဲတော်ရက်တိုင်းမှာ ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်း တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၅၀ ခန့်ရှိပြီး တိရစ္ဆာန် အကောင်ရေ ၁၄၀၀ ခန့်ရှိကာ နေ့စဉ် လာရောက်လည်ပတ်သူဦးရေဟာ ၁၀၀၀ ဝန်းကျင်မှာ ရှိနေပြီး စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ဝင်ရောက်သူဦးရေ ၃၀၀၀ ဝန်းကျင်အထိရှိ၍ ပွဲတော်ရက်တွေမှာတော့ လူဦးရေ ၅၀၀၀ အထိ လာရောက်လည်ပတ်လျက် ရှိတယ်လို့လည်း အဆိုပါဥယျာဉ်ရဲ့ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပခုက္ကူမြို့၊ အောင်သာကျေးရွာအတွင်း PDF များ တိုက်ခိုက်မှု ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
Next post (၁၈-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ