
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ဖူးမျှော်ခွင့် ပြုသည့်နေ့တွင် ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမျှော်
ဩဂုတ် လ ၈ ရက်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာ ရုံစေတီ ၇၂၀ ဆူတိုကို ရဟန်း၊ ရှင်လူအများပြည်သူများအနေဖြင့် ဖူးမျှော်ကြည်ညိုနိုင်ရေး အတွက် ယနေ့မှ စတင်၍ အများပြည်သူကို ဝင်ရောက်ဖူးမျှော်ခွင့် ပေးခဲ့ရာ ပထမဆုံးနေ့တွင် ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမျှော်လျှက်ရှိသည်ကို တွေ့မြင်ရပါတယ်။

ယနေ့မှစ၍ သြဂုတ်လ ၁၆ ရက်နေ့အထိသာ ဗုဒ္ဓဥယာဉ်တော်အတွင်း အခမဲ့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဥယာဉ်တော်အတွင်း ဝင်ရောက်ခွင့် ဝင်ကြေး သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
