ပရိတ်သတ်အကြိုက်တွေ့စေခဲ့သော စံအိမ်၀င်္ကပါ ဇာတ်လမ်းတွဲ

CNPC-SPI မှ အဓိက ကူညီပံ့ပိုးသော “စံအိမ်၀င်္ကပါ” ဇာတ်လမ်းတွဲကို Sky Net International Drama နှင့် Channel 9 တို့မှ တပြိုင်နက် ထုတ်လွှင့်ပြသခဲ့ရာ ကြည့်ရှုသူပရိသတ်များပြားခဲ့ပြီး အကြိုက်တွေ့ နှစ်သက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ Golden Eagle Award ထူးချွန်ဆုရရှိထားသော “စံအိမ်ဝင်္ကပါ” ဇာတ်လမ်းတွဲသည် တရုတ်နိုင်ငံ စုန့်မင်းဆက် လက်ထက် လူနေမှုဘ၀ နေထိုင်ပုံအကြောင်း နှင့် ရှေးခေတ်တရုတ် မိသားစုဝင်များအကြား ချစ်ခြင်း မုန်းခြင်းနှင့် နာကျည်းမှု များကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားသည့် ဇာတ်လမ်းတွဲဖြစ်ပြီး ရွေးချယ်ရခက်သည့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုပါ တစ်ပါတည်းကြည့်ရှု ကြရကြောင်း သိရသည်။

“စံအိမ်ဝင်္ကပါ” ရုပ်သံဇာတ်လမ်းတွဲသည် စုစုပေါင်း ၇၃ ပိုင်း ပါဝင်ကာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က စတင်ပြသခဲ့ပြီး၊ မေလ ၁၉ ရက်နေ့က ပြသမှုပြီးဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်း သတင်းများသည် သတင်းမှားသာဖြစ်ကြောင်း ရိုးမဘဏ် ကြေညာ
Next post မြန်မာနှင့်အီသီယိုးပီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍ အပြင် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး