မြန်မာနှင့်အီသီယိုးပီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍ အပြင် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်အဖြစ်ခန့်အပ်ခံရသူ HE.Mr.Daba Debele Hunde အား ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ခရီးသွား၊ အားကစား ကဏ္ဍများ အပါအဝင် ကုန်သွယ်မှုကဏ္ဍများ အပြန်အလှန် တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားသံအမတ်ကြီးသည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယမန်နေ့နံနက် (၁၀) နာရီတွင် ပေးအပ်ခဲ့သည်။ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပရိတ်သတ်အကြိုက်တွေ့စေခဲ့သော စံအိမ်၀င်္ကပါ ဇာတ်လမ်းတွဲ
Next post (၁၂-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်