ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်း သတင်းများသည် သတင်းမှားသာဖြစ်ကြောင်း ရိုးမဘဏ် ကြေညာ

ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်း စသည့် သတင်းများသည် သတင်းမှားသာ ဖြစ်ကြောင်း ရိုးမဘဏ်မှ အသိပေးကြေညာထားသည်။

ရိုးမဘဏ်သည် ရှင်းလင်းစွာ ထုတ်ပြန်ပြောကြားလိုသည်မှာ ခေတ်သစ်မီဒီယာတွင် ပါရှိသည့် ရိုးမဘဏ် ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်း စသည့် သတင်းများသည် မဟုတ်မမှန်  မသမာသည့် ရည်ရွယ်ချက်နှင့် ထုတ်လွှင့်သည့် သတင်းမှားသာ ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် ငွေကြေးဈေးကွက်မတည်ငြိမ်မှုဖြစ်စေရန် ရည်ရွယ်၍  ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ မတည်ငြိမ်မှုများကြောင့် ပြည်သူတို့ရဲ့ အကျိုးစီးပွါး ထိခိုက်စေရန် ဆောင်ရွက်ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးမဘဏ်အနေဖြင့် မဟုတ်မမှန် သတင်းဖြန့်ချိသူများကို တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ပရိတ်သတ်အကြိုက်တွေ့စေခဲ့သော စံအိမ်၀င်္ကပါ ဇာတ်လမ်းတွဲ