ရခိုင်ရိုးရာသမက်တက် ထိမ်းမြားမင်္ဂလာဆောင်တော့မည့် အဆိုတော် ရတနာမိုင်

ကလေးဆန်ဆန်ပုံစံလေးနဲ့ ပရိသတ်ရင်ကို တေးသီချင်းတွေနဲ့ သိမ်းပိုက်ခဲ့တဲ့ တေးသံရှင် ရတနာမိုင်ကတော့ ချစ်သူနဲ့အတူ Pre Wedding ပုံလေးနဲ့ ပရိသတ်ကို Surprise တိုက်ခဲ့ပြီး ဇူလိုင်က ၁၄ ရက်နေ့မှာတော့ ရခိုင်ရိုးရာသမက်တက် ထိမ်းမြား မင်္ဂလာကို ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ကြောင်းကို အနုပညာအသိုင်းအဝိုင်း ကနေတဆင့် သိရှိရတာပဲ ဖြစ်ပါတယ်။

ပရိသတ်က ချစ်စနိုးနဲ့ “မိုင်လေး .. လို့ခေါ်တဲ့ အပျိုကြီးမမ အဆိုတော် ရတနာမိုင်” တကယ်စွံသွားကြလို့ ပရိသတ်တွေလည်း ဝမ်းသာနေကြပါတယ်။ အဆိုတော် ရတနာမိုင်နဲ့ လက်ထက်မည့် ကိုမျိုးကျော်ကတော့ အနုပညာအသိုင်းအဝိုင်းကဖြစ်ပြီး Myanmar Idol အဆိုပြိုင်ပွဲတွေမှာ တီးခတ်ပေးသော Hi Bird Music Band က guitar တီးခတ်သူတစ်ဦး ဖြစ်ပါတယ်။

အကိုချေနဲ့လို့ အဆိုတော် မိုင်လေးတင်ထားတဲ့ Post အောက်မှာတော့ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေက ” Congratulations pr mama , Congratulations ကိုကြီး နဲ့ မကြီး ၊Congratulations ညီမချေ ၊ အမက တကယ်ယူပြီလား ၊ Surprise တိုက်တာနော် ၊ Congratulations U myo kyaw & mama ၊ Congratulations ချစ်ကိုနဲ့ချစ်ညီမလေးရေ” စတာတွေ ရေးသားပြီး ဂုဏ်ပြုစကားပြောဆိုနေကြတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက် အဖြစ်ပါဝင်လာ
Next post အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိနေပြီး ယနေ့ မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားမည်