၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက် အဖြစ်ပါဝင်လာ

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့်နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ် ပြက္ခဒိန်နှစ်တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရသည်။

၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန် ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူအလုပ် ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက်နေ့၊ နိုင်ငံတကာနှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြားအာဆီယံနိုင်ငံများကဲ့သို့လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများ ကဲ့သို့လည်းကောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာ စေသည့်အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့် ငြင်းပယ်အပြီး KNC ပါတီနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီတို့၏ တည်ထောင် ခွင့်ပါ UEC ငြင်းပယ်
Next post ရခိုင်ရိုးရာသမက်တက် ထိမ်းမြားမင်္ဂလာဆောင်တော့မည့် အဆိုတော် ရတနာမိုင်