အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိနေပြီး ယနေ့ မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားမည်

ဇူလိုင် ၉ ရက်

အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းသည် ရန်ကုန်မြို့သို့ရောက်ရှိနေပြီး ယနေ့ ဇူလိုင်(၉)ရက်၊ ညနေ(၄)နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်း၌ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားသွားမည် ဖြစ်သည်။

အိန္ဒိယ အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်က မြန်မာအသင်းနှင့် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် ရင်ဆိုင်ဖူးပြီး သုံးဂိုးစီ သရေကျခဲ့ဖူးသည်။

ယမန်နေ့က နှစ်ဖက်အသင်း၏ နည်းပြချုပ်များက ပွဲကြိုစကားပြောကြားခဲ့ပြီး ဇူလိုင် (၉) ရက်နှင့် ဇူလိုင် (၁၂) ရက်တွင် နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် ပွဲကြိုသတင်းစားရှင်းလင်းပွဲတွင် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် လန်ဂန်ချော်ဘာ ဒေဝီ က “ကျွန်မတို အသင်းအနေနဲ့ ဒီကိုလာပြီး ခြေစမ်းပွဲ မကစားမီမှာ ဥဇဘက်ကစ္စတန်နဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ခြေစမ်းပွဲ (၇) ပွဲလောက် ကစားခဲ့ပြီးပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရခိုင်ရိုးရာသမက်တက် ထိမ်းမြားမင်္ဂလာဆောင်တော့မည့် အဆိုတော် ရတနာမိုင်
Next post (၉-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ