AA က သံတွဲမြို့နဲ့၇ မိုင်သာဝေးတဲ့ ဇီးဖြူကုန်းဒေသခံများကို လူသားတံတိုင်းအဖြစ် အသုံးချရန် စုစည်းဖမ်းဆီးထား

AA က သံတွဲမြို့နှင့် ၇ မိုင်ခန့်သာဝေးတဲ့ဇီးဖြူကုန်းရွာမှဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးပြုဖို့ စုစည်းဖမ်းဆီးကာဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိသံတွဲမြို့ပေါ်မှာ မြို့ပေါ် လူသူအသွားအလာ မရှိဘဲ ခြောက်ကပ်နေပါတယ်။ အိမ်ပြင်ပမထွက်ကြတာနဲ့စစ်ရှောင်သွားတာတွေကြောင့် ဖြစ်ပါတယ်။

“AA က ဇီးဖြူကုန်းက ရတနာသိဒ္ဓိဘုန်းကြီးကျောင်းမှာ ဒေသခံတွေကို စုထားတာရှိတယ်။ ဒါက အရေးအကြောင်းဆိုရင် ဘာအပြစ်မှ မရှိတဲ့ ရွာသူရွာသားတွေကို လူသားဒိုင်း လုပ်မယ့်သဘောလို့ပဲ ယူဆရပါတယ်”ဒေသခံတစ်ဦးကပြောပါတယ်။

AA တွေက မြို့ပေါ်မှာမရှိဘူးမြို့ပေါ်ကိုမနေ့ကမနက်ပိုင်းမှာ ရှော့တိုက်ဒုံးတစ်လုံး ပစ်ခဲ့တယ်။ပေါက်ကွဲမှုတော့မဖြစ်ဘဲ မာဃလမ်းနားကို ကျတယ်လိုဆိုပါတယ်။ ဇွန်လ ၂၄ ရက် နံနက်ပိုင်းထိ ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့နယ်ခွဲ၊ မဇင်လေဆိပ် အနီး တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွါးနေတာဖြစ်ပါတယ်။ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ သံတွဲမြို့ပေါ်ဘုန်းတော်ကြီးကျောင်းများတွင် စစ် ရှောင်နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Country သီချင်းလေးတွေ ထိုင်းနိုင်ငံမှာ ပြန်လည် သီဆိုရိုက်ကူးခဲ့တဲ့ အဆိုတော် ဝိုင်းလေး
Next post မိုဒရစ်အတွက် ဝမ်းနည်းစရာ အဆုံးသတ်ဖြစ်သွားခဲ့သော Euro 2024