မွေးနေ့အလှူအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အလှူငွေ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် မြယာ

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးခဲ့သည့် The Teacher Horror ရုပ်ရှင် ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် ရိုက်ကူးပြီး ပရိသတ်အားပေးမှု ရရှိခဲ့သော ရုပ်ရှင်သရုပ်​ဆောင် မြရာဟာ ဧပြီ ၂၃ ရက်မှာ ကျရောက်တဲ့ မွေးနေ့အတွက် မွေး​နေ့အလှူအဖြစ် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ အလှူ​ငွေ တစ်သိန်းကျပ်ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။

မွေးနေ့အလှူအဖြစ်အခြားသောလှူဒါန်းမှုတွေလည်းပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မြယာဟာ ကိုယ်တိုင်ထုတ်လုပ်သူ သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၄-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ