(၂၄-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၄-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး

ဆောင်ရွက်ရန် တပ်ချုပ်တိုက်တွန်း

၂။ မြဝတီမြိုရှိ ခလရ(၂၇၅) တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိကြောင်း သိရ

၃။ Online Trading Platform မှတဆင့် ထိုင်းဘတ် (၁၄) သန်း ရောင်းချ

၄။ ကမ္ဘာ့အပူဆုံးမြို ၁၅ မြိုတွင် မြန်မာနိုင်ငံမှ ချောက်မြိုသည် ထိပ်ဆုံး၌ ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြိုတိုလည်း ပါဝင်

၅။ မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲများကြား ငြိမ်းချမ်းရေးရရှိစေရေး ကြားဝင်စေ့စပ်ပေးရန် အဆင့်သင့်ရှိနေဟု ထိုင်းအစိုးရ ပြော

၆။ စစ်ကိုင်းတိုင်းအတွင်း ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိရေး အတွက် ဝန်ကြီးချုပ် ဦးမြတ်ကျော်ပြောကြား

၇။ AA အကြမ်းဖက်ရန်ကြောင့် နေရပ်စွန့်ခွာနေရသူများအား ဆန်အိတ်များထောက်ပံ့

၈။ ဧပြီလ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၅၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၀ ကျပ်၊ Octane 95 – ၂၉၆၀ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် စစ်မြေပြင်၌ အခက်အခဲများကြုံနေရသော ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအကူအညီ အမြန်ဆုံးပေးမည်ဟု သမ္မတဂျိုးဘိုင်ဒင် ပြောကြား

၂။ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ခွဲထွက်ရေး လက်နက်ကိုင်အဖွဲဝင် (၁၂)ဦး သေဆုံး

၃။ မလေးရှားနိုင်ငံတွင် စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး

၄။ အမေရိကန်ရဲ့ အကူအညီပေးရေးအစီအစဉ်အသစ်က ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်ဟု ယူကရိန်းနိုင်ငံသားများ ယုံကြည်နေ

၅။ မဏိပူရပြည်နယ်တွင် လူ့အခွင့်အရေး အလွဲသုံးစားမှုများ၊ မီဒီယာနှင့် လူနည်းစုတိုအပေါ် ထိပါးနှောင့်ယှက်မှုများရှိနေဟု အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာတွင် ဖော်ပြ

၆။ နျူကလီယား တန်ပြန်တိုက်ခိုက်မှုကို ပုံဖော်သည့် ပေါင်းစပ်နည်းဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပထမဆုံး စတင်ပြုလုပ်

အားကစားသတင်းများ

၁။ မြန်မာအမျိုးသမီး နေရှင်နယ်လိဂ်ပြိုင်ပွဲ နီးကပ်လာပြီဖြစ်ပြီး ပွဲစဉ်ဇယားများ စတင်ကြေညာ

၂။ ထိုင်းလိဂ်(၂)ပွဲစဉ်တွင် ပထမဆုံး ဟက်ထရစ်ရယူနိုင်ခဲ့သည့် မြန်မာကစားသမား လွင်မိုးအောင်

၃။ AFC Futsal Cup 2024 ပြိုင်ပွဲတွင် ဂိုးကွာခြားချက်ကြောင့် မြန်မာ့လက်ရွေး စင်ဖူဆယ်အသင်း အုပ်စုမှထွက်ခဲ့ရ

၄။ ခွန်ခမာချန်ပီယံခါးပတ်လုပွဲ ဆီမီးဖိုင်နယ်မှာ Chan Samart နဲ့ လာမဲ့ ၂၈ ရက် ထိုးသတ်ရမဲ့ စိုးမိုးဇော်

၅။ စီးရီးအေ ဖလားကို ဆွတ်ခူးဖို့ စိတ်ကူးယဉ်ရတာ ခက်ခဲခဲ့တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ အင်ဇာဂီ

အနုပညာသတင်းများ

၁။ မီးလိုပူတဲ့ အချစ်တွေ မလိုချင်တော့ဘူးဆိုတဲ့ အေးမြတ်သူ

၂။ အချစ် ဒရာမာ သရဲကားပုံစံ အချစ်ကမီးလိုပဲ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

၃။ စာပေဟောပြောပွဲတွေလက်ခံပြီး ဗဟုသုတတွေမျှဝေပေးဦးမယ့် အဆိုတော်အောင်ခန့်ပိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ကျပ် ၃၀၀၀ မှ ၁၀၀၀၀ အထိ ဈေးကောင်းရရှိနေ
Next post မွေးနေ့အလှူအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အလှူငွေ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် မြယာ