မြန်မာလက်ရွေးစင်ဖူဆယ်အသင်း အိမ်ရှင်ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

ယနေ့ ဧပြီ(၁၉)ရက်၌ ကျင်းပပြုလုပ်သည့် AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ဖူဆယ်အသင်းနှင့် အိမ်ရှင်ထိုင်းအသင်းတို့ အုပ်စု(က)ပွဲစဉ်အဖြင့် ယှဉ်ပြိုင်ကစားကြရာတွင် မြန်မာအသင်းက ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ပထမပိုင်း ပွဲချိန်အပြီးတွင် ထိုင်းအသင်းက တစ်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ ဒုတိယပွဲချိန်ပြီးဆုံးချိန်တွင် လေးဂိုးထပ်မံသွင်းယူ ခဲ့သဖြင့် ငါးဂိုး ဂိုးမရဖြင့် အဆုံးသတ်ခဲ့သည်။

အဆိုပါ ပွဲစဉ်အပြီးတွင် မြန်မာနည်းပြချုပ် Mr. Bunlert Charoenwong က ” ပထမဆုံး အနေနဲ့ ထိုင်းအသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့် အသင်းက ကစားသမားတွေလည်း ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထိုင်းအသင်းဆီကနေ ထပ်မံသင်ယူစရာတွေကို သင်ယူခွင့် ရရှိခဲ့ပါတယ်။ တရုတ်နဲ့ ကစားမဲ့ ပွဲမှာ ကျွန်တော်တို့ အနေနဲ့ အနိုင်ရရှိဖို့လိုပါတယ်။ ဂိုးတွေလည်း များများ ရဖို့လိုပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်”ဟုဆိုသည်။

လာမည့် ဧပြီ(၂၁)ရက်တွင် မြန်မာအသင်းအနေဖြင့် တရုတ်အသင်းနှင့် နောက်ဆုံး ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ပြီး၊ လက်ရှိတွင် အုပ်စုအဆင့်အမှတ်ပေးဇယားရပ်တည်မှုအရ ရမှတ်(၁)မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

မြန်မာအသင်းအနေဖြင့် ယခု ဧပြီ(၅)ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံသို့ထွက်ခွာ၍ ခြေစမ်းပွဲများကစားခြင်း၊ လေ့ကျင့်ပြင်ဆင် ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ နိုင်ငံအလိုက် အဆင့် သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉)သို့ တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက် တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုံတင်ငွေအရ အရှုံးပေါ်လာနိုင်တဲ့ Akshay Kumar ရဲ့ Bade Miyan Chote Miyan
Next post (၂၀-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်