ရုံတင်ငွေအရ အရှုံးပေါ်လာနိုင်တဲ့ Akshay Kumar ရဲ့ Bade Miyan Chote Miyan

Bollywood သရုပ်ဆောင် Akshay Kumar နဲ့ Tiger Shroff အပြင် တောင်ပိုင်း Malayalam သရုပ်ဆောင် Prithiviraj Sukumaran တို့ အဓိကပါဝင်ထားတဲ့ action ရုပ်ရှင်သစ် Bade Miyan Chote Miyan ဟာ ရုံတင်ငွေအရ အရှုံးပေါ်လာ နိုင်တဲ့အနေအထားတစ်ခုကို ရောက်ရှိနေပါတယ်။

Bade Miyan Chote Miyan ကို ဧပြီလ ၁၁ ရက်နေ့ကနေစတင်ကာ ရုံတင်ပြသနေတာဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့အထိ ရုံတင်ငွေစုစုပေါင်း အိန္ဒိယရူပီး ၅၀.၁၅ ကုဋေ (အိန္ဒိယရူပီး ၅၀၁.၅ သန်း) သာ ရရှိထားကြောင်း အိန္ဒိယရုပ်ရှင်တွေရဲ့ ရုံတင်ဝင်ငွေကိုစောင့်ကြည့်လေ့လာနေတဲ့ Sacnilk ဝက်ဘ်ဆိုက်ရဲ့သတင်းအရ သိရပါတယ်။ Bade Miyan Chote Miyan ဟာ အိန္ဒိယရူပီး ၃၅၀ ကုဋေ (အိန္ဒိယရူပီး ၃.၅ ဘီလျံ) အထိ ဘတ်ဂျက်အသုံးပြုထားတာဖြစ်ပြီး အခုလို ပထမရက် သတ္တပတ် မှာ ဝင်ငွေရရှိမှုအလွန်နည်းပါးနေမှုဟာ ဝင်ငွေအရအရှုံးပေါ်လာနိုင်ကြောင်း ထောက်ပြနေကြပါတယ်။

ဝေဖန်ရေးသမားတွေကြားမှာလည်း Bade Miyan Chote Miyan ဟာ သာမန်သုံးသပ်မှုမျှသာရရှိနေတာဖြစ်ပါတယ်။ MVE အနေနဲ့ သုံးသပ်ကြည့်ရှုနိုင်ခြင်းမရှိသေးပါဘူး။ Bade Miyan Chote Miyan ဟာ အထူးတပ်ဖွဲ့ကစစ်သည်နှစ်ယောက်ရဲ့ စွန့်စားခန်းကို ရိုက်ကူးထားတာဖြစ်ပြီး Tiger Zinda Hai ဒါရိုက်တာ Ali Abbas Zafar က ဇာတ်လမ်းဇာတ်ညွှန်းနဲ့ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပွား၊ အကျဉ်းသား ၄ ဦးသေဆုံးခဲ့
Next post မြန်မာလက်ရွေးစင်ဖူဆယ်အသင်း အိမ်ရှင်ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်