(၂၀-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၀-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာ့နှစ်ကူး အထူးဓမ္မသဘင် နောက်ဆုံးညတွင် အောင်ဆန်းဆရာတော်ဘုရားမှ တရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မူ

၂။ AA အဖွဲခေါင်းဆောင်သည် လူမျိုးရေးပဋိပက္ခဖြစ်ပွားရန် လုပ်ဆောင်နေကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတုံပြန်

၃။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ပေးအပ်ဖို စဉ်းစားနေတယ်လို တာဝန်ရှိသူ ပြော

၄။ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို အလွန်စိုးရိမ်သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်

၅။ မြန်မာနိုင်ငံဘက်အသီးသီးက တရားဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးညှိနှိင်းပြီး သက်ဆိုင်ရာ ပြဿနာကိုဖြေရှင်းရန် အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား

၆။ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်သွားရန် အစီအစဉ်မရှိကြောင်း နစက အသိပေး

၇။ မြစ်ကြီးနား အကျဉ်းထောင်၌ ဖြစ်ပွားသည့် ဆူပူမှုဖြစ်စဉ် အဓိကရုဏ်းနှိမ်နှင်းမှုအတွင်း အကျဉ်းသားလေးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိဟု နစက ထုတ်ပြန်

၈။ ဧပြီလ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၁၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၀ ကျပ်၊ Octane 95 – ၂၉၆၀ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အစ္စရေးက အီရန်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ရေနံဈေးနှင့် ရွှေဈေးများ မြင့်တက်

၂။ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဖြစ်သည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲအတွက် မဲပေးမှုများ စတင်

၃။ အမေရိကန်၏ အကူအညီများ မရရှိဘူးဆိုပါက စစ်ပွဲအတွက် ပလန်ဘီရှိတော့မည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော

၄။ အီလွန်မတ်၏ Starlink ဂြိုဟ်တုများက ကမ္ဘာကို အဆိပ်သင့်စေဟု နာဆာပညာရှင်ဆို

၅။ ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

၆။ အစ္စရေးနှင့် နည်းပညာဆိုင်ရာစာချုပ်ချုပ်ဆိုခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ဝန်ထမ်း ၂၈ ဦးအား Google က အလုပ်ထုတ်ပစ်ခဲ့

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ရမှတ် (၁)ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေ

၂။ ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် အင်္ဂလန်အသင်းဖော် ဘယ်လင်ဟမ်ကို မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဟယ်ရီကိန်း

၃။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် ဘောနပ်စ်ရရှိမယ့် မန်စီးတီးစတားများ

၄။ မူစီယာလာကို မန်စီးတီးထံရောင်းချသွားမှာမဟုတ်တဲ့ ဘိုင်ယန်မြူးနစ်

၅။ အီဆက်နဲ့ အိုလီဆီတို့ကိုခေါ်ယူဖို့ ပေါင် ၁၆၅ သန်းလောက်အထိ အသုံးပြုသွားမယ့် အာဆင်နယ်

အနုပညာသတင်းများ

၁။ မိသားစုတစ်ခုမှာ အဖေကအရမ်းအရေးကြီးတယ်ဆိုပေမယ့် အမေတစ်ယောက်တည်းနဲ့လည်း ပြည်စုံပါတယ် ဆိုတဲ့ နိုးအိန္ဒြေချစ်

၂။ “ဆောင်တော်ကူး ”ဇာတ်လမ်းတွဲမှာ ရွှေသမီးနဲ့ အပြိုင်သရုပ်ဆောင်ရသလို တကယ့် Actor တွေနဲ့အတူ သရုပ်ဆောင်ရတာမို တော်တော်လေး Challenge ရှိပါတယ်ဆိုတဲ့ စင်ဒီမြတ်

၃။ အယ်လ်ဘမ်အသစ်အပြင် ထပ်တိုးသီချင်း ၁၅ ပုဒ်နဲ့ပါ စပရိုက်တိုက်လိုက်တဲ့ တေလာဆွစ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာလက်ရွေးစင်ဖူဆယ်အသင်း အိမ်ရှင်ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်
Next post ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွား လာမှုအများဆုံးဖြစ်ခဲ့၊ ယခင်ရာသီထက် ပိုမိုများပြား