(၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက် ကြမည့်အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား နစက ဉက္ကဋ္ဌ နှင့် ဇနီး သွားရောက်တွေ့ဆုံ ဂါရဝပြု

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအားယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က သွားရောက်၍တွေ့ဆုံဂါရဝပြု နှုတ်ဆက်သည်။

ထိုသို့ တွေ့ဆုံဂါရဝပြုနှုတ်ဆက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံ ဂါရဝပြုနှုတ်ဆက်ခဲ့ပြီး ကျန်းမာ ရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း‌ဆောင် ရွက်လျက်ရှိမှုအခြေအနေများ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်များအနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတည်ထားကိုးကွယ်ခဲ့မှုနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ခဲ့မှုအခြေ အနေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ အတည်ပြု ပြဌာန်းခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် တည်တံ့ခိုင်မြဲ ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ အငြိမ်းစားတပ်မတော်အရာရှိကြီးများက ယခုကဲ့သို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်း မြောက်သည့်အခြေအနေများ၊ နိုင်ငံ့တာဝန်များကို ဘက်ပေါင်းစုံမှ လစ်ဟင်းမှုမရှိ စေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေးအသိအမှတ်ပြုသည့် အခြေအနေများ နှင့် အခြားဩဝါဒစကားများကို  ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကျင်းပ
Next post ရုရှားနိုင်ငံမှ ပုဂ္ဂိုလ် ၂၇ ဦးအား သီရိသီဟကျော်တံဆိပ်နှင့် သီရိသူရကျော် တံဆိပ်များ ချီးမြှင့် အပ်နှင်း