၅ နှစ်ကြာ အရေပြားရောဂါခံစားရပြီးနောက် ကွယ်လွန်ခဲ့ရတဲ့ ထိုင်းသရဲကား Nang Nak ဇာတ်ကောင် မင်းသား

၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးထိုင်းသရဲကား Nang Nak နဲ့ လူသိများတဲ့ ထိုင်းမင်းသား Winai Kraibutr ဟာ bullous pemphigoid လို့အမည်ရတဲ့ ရှားပါးအရေပြားရောဂါကို ၅ နှစ်ကြာ ခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိပါပြီ။

မတ်လ ၂၀ ရက်နေ့က ဘန်ကောက်ဆေးရုံမှာ အဲ့ဒီရောဂါကြောင့် သွေးပေါင်ချိန်ကျပြီး သွေးလမ်းကြောင်းပိုးဝင်ကာ သူ သေဆုံးခဲ့တယ်လို့ ဇနီးဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ ကြေညာခဲ့တာပါ။ သူ့ဇနီးက သူ နေမကောင်းဖြစ်နေချိန်အတွင်း အားပေးချစ်ခင်ပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

Winai က Nang Nak ဇာတ်ကားမှာ ပီးမက်အဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံတကာကပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိကာ နာမည်ရလာခဲ့တာပါ။ Bang Rajan ဆိုတဲ့ သမိုင်းဇာတ်ကားကလည်း သူ့ရဲ့နာမည်ကြီးဇာတ်ကားပါပဲ။ အဲဒီဇာတ်ကားနှစ်ခုလုံးက Box Office မှာ စံချိန်တင်ဝင်ငွေ ဘတ် သန်း ၁၅၀ ကျော် (စင်ကာပူဒေါ်လာ ၅.၅၅ သန်း) ရရှိခဲ့ကာ သူ့ကို “Hundred Million Hero” လို့နာမည်တွင်စေခဲ့ပါတယ်။

အရေပြားမှာ အရည်ကြည်ဖုဖြစ်စေပြီး ကိုယ်ခံအားနည်းစေတဲ့ ရှားပါးအရေပြားရောဂါခံစားခဲ့ရတဲ့အချိန် ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ဘဝပြောင်းလဲသွားခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး နောက်ပိုင်းမှာတော့ အခြားအစားထိုး ကုသမှုတွေပြုလုပ်ခဲ့ပါတယ်။ ကလေး ၃ ယောက်ဖခင်ဖြစ်တဲ့ Winai က သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့ရပြီး ဝမ်းစာအတွက် အွန်လိုင်းမှာ ကုန်ပစ္စည်းရောင်းချတာတွေလုပ်ခဲ့ရပါတယ်။

ရန်ပုံငွေရှာဖွေဖို့ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေ ရုတ်တရက်ဆိုးရွားလာခဲ့ပြီး မတ်လ ၁၇ ရက်နေ့က မူးလဲပြီး သတိလစ်သွားခဲ့ပါတယ်။ ဆေးရုံအမြန်ပို့ဆောင်ခဲ့ပြီးတဲ့နောက် သတိပြန်လည် မလာတော့ ပါဘူး။ Winai က သူ့ရဲ့သွေးလမ်းကြောင်းမှာ ပိုးဝင်ပြီး သွေးပေါင်ချိန်ကျပြီး နောက်ဆုံးမှာ နှလုံးရပ်သွားတဲ့ အထိဖြစ်သွားခဲ့ တယ်လို့ ဆရာဝန်တွေရဲ့ပြောစကားအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ညနေပိုင်းပြောင်းလဲ ကျင်းပမည် ဖြစ်ကြောင်း နစက ထုတ်ပြန်
Next post ပျော်ရွင်မှုများဖြင့် ဖြတ်ကျော်နိုင်ရန် ထားဝယ်သင်္ကြန်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်