ပျော်ရွင်မှုများဖြင့် ဖြတ်ကျော်နိုင်ရန် ထားဝယ်သင်္ကြန်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်

တနင်္သာရီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယခုနှစ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးကို မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သင်္ကြန်ပွဲတော်သည် သာမန်အားဖြင့် (၃)ရက်ရှိသော်လည်း၊ ထားဝယ်ဒေသတွင် အစဉ်အလာအားဖြင့် ကလေးသင်္ကြန် (၃)ရက်၊ လူကြီးသင်္ကြန် (၃)ရက် သင်္ကြန်(၆) ရက် တစ်မူထူးခြားစွာ ရှိနေကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး၊ ပျော်ပွဲရွင်ပွဲများနှင့် ဖျော်ဖြေရေး များတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ မဏ္ဍပ်ဆောက်လုပ်ရေး စသည့် နေရာများတွင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ် ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဖျော်ဖြေရေးနှင့်သင်္ကြန်မဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထားဝယ်မဟာသင်္ကြန်ပွဲတော်ကို တစ်နှစ်တာလုံးပင်ပန်းခဲ့သမျှ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ စိတ်လက်ပေါ့ပါးစွာဖြင့် ဖြတ်ကျော်နိုင်ရန်၊ ပျော်ရွင်မှုများဖြင့် ဖြတ်ကျော်နိုင်ရန်၊ ဘာသာ သာသနာရေးများဖြင့် ဖြတ်ကျော်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်သည် တိုင်းဒေသကြီးအတွက် အရေးကြီးသော ပွဲတော်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၅ နှစ်ကြာ အရေပြားရောဂါခံစားရပြီးနောက် ကွယ်လွန်ခဲ့ရတဲ့ ထိုင်းသရဲကား Nang Nak ဇာတ်ကောင် မင်းသား
Next post (၂၇-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်