ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ဟုဆို

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း)ကို ရေးဆွဲထားရှိပြီး သက်ဆိုင်ရာပညာရှင်များမှ  နောက်ဆုံးအတည်ပြုနိုင်ရေး အဘက်ဘက်မှ  စိစစ်သုံးသပ်လျက်ရှိကြောင်း၊ အဆိုပါ နည်းဥပဒေတွင် ပါဝင်သော ကြိုတင်ဆောင်ရွက်၍ရသည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရေး အဖွဲများကို အကြောင်းကြားထားပြီး ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် အကျုံးဝင်သည့် စာရင်းများ ကောက်ယူခြင်း ဆောင်ရွက်စေလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲက ဆိုပါတယ်။

လုပ်ငန်းစဉ်အရ ရပ်ကွက်၊ကျေးရွာများမှတစ်ဆင့် အကျုံးဝင်သည့်သူများအား မြိုနယ်၊ ယင်းမြိုနယ်မှ တိုင်း/ပြည်နယ်၊ ၎င်းမှ ဗဟိုသို အဆင့်ဆင့် တင်ပြရမည်ဖြစ်ပြီး ဗဟိုမှ ရွေးချယ်သည့်သူများကို အဆင့်ဆင့် ပြန်လည်ချပြပြီး ၎င်းရွေးချယ်ခံရသူများကို ကျန်းမာရေးစစ်ဆေးရန် ခေါ်ယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအရ ဗဟိုတွင် ရွေးချယ်ရာ၌ ကြန့်ကြာမှု မရှိစေရေးအတွက် သင့်လျော်သည့် အင်အားအရေအတွက်ကို ဗဟိုက ခေါ်ယူလိုသည့် လူအင်အားအရေအတွက်နှင့် ကိုက်ညီအောင် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်ခါတည်း သတ်မှတ်နေကြခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Universe Yangon 2024 အလှမယ် ၁၇ယောက် မီဒီယာ မိတ်ဆက်ပွဲကျင်းပ
Next post အဲဗက်စ်အတွက် အာမခံငွေ ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားလာတဲ့ နေမာရဲ့ဖခင်