Miss Universe Yangon 2024 အလှမယ် ၁၇ယောက် မီဒီယာ မိတ်ဆက်ပွဲကျင်းပ

Miss Universe Yangon 2024 အလှမယ် ၁၇ယောက် မီဒီယာ မိတ်ဆက်ပွဲ အခမ်းအနား ကို ယနေ့မတ်လ ၂၂ရက် နံနက် ၁၁နာရီ Wyndham Grand Hotel မှာ ကျင်းပခဲ့ပါတယ်။ ယခုနှစ် Miss Universe Yangon 2024 ပွဲ ကို city director အဖြစ် ကောင်းမြတ် က တာဝန် ယူပြီး အလှမယ် ၁၇ဦး ထဲ မှ ၄ဦး ကို Miss Universe Myanmar 2024 ယှဉ်ပြိုင်ရန် ရွေးချယ်သွားမယ်လို့သိရပါတယ်။

Miss Universe Yangon 2024 မှာ အိမ်ထောင်ရှင် အလှမယ်များလည်း ပါဝင်သလို ယခင် ပြိုင်ပွဲတွေမှာ 1st runner up ဆုရရှိဖူးသူများလည်း ပါဝင်ယှဉ်ပြိုင်ထားတယ်လို့သိရပါတယ်။ အလှမယ် ၁၇ဦး ကို camp activity များ နဲ့ စတင်နေပြီဖြစ်ပြီး ဧပြီလ ၃ရက်နေ့မှာ Miss Universe Yangon 2024 ကိုယ်စားပြု အလှမယ် ၄ဦး ကိုရွေးချယ်သွားမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက် သောင်းကျန်း သူ များအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်
Next post ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ဟုဆို