Baaghi 4 ထွက်ရှိလာဦးမယ်လို့ Tiger Shroff အတည်ပြုလာ

Bollywood သရုပ်ဆောင် Tiger Shroff အဓိကပါဝင်ထားတဲ့ Baaghi ရုပ်ရှင်တွေဟာ စုစုပေါင်း သုံးကားအထိ ထွက်ရှိခဲ့တာ ဖြစ်ပြီး နောက်ထပ် Baaghi 4 လည်း ထပ်မံထွက်ရှိလာဦးမှာဖြစ်ပါတယ်။သရုပ်ဆောင် Tiger Shroff ရဲ့ Hindi စကားပြော Bollywood ရုပ်ရှင် Baaghi 1, Baaghi 2 နဲ့ Baaghi 3 တို့ဟာ ပရိသတ်ရဲ့အသိအမှတ်ပြုမှုကို အထိုက်အလျောက် ရရှိခဲ့တဲ့ နောက်မှာ လေးကားမြောက် Baaghi ရုပ်ရှင်အတွက်ပါ ပြင်ဆင်လာခဲ့တာပါ။

Baaghi 4 ထပ်မံထုတ်လုပ်သွားမယ့်အကြောင်းကို သရုပ်ဆောင် Tiger Shroff ကိုယ်တိုင် ၎င်းရဲ့ တရားဝင် Instagram စာမျက်နှာမှာ အတည်ပြုလာခဲ့တာဖြစ်ပြီး အဆိုပါအတည်ပြုချက်အရ Baaghi 4 ကို ၂၀၂၅ မှာ ရုံတင်ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ Instagram ပို့စ်မှာ ယခင် Baaghi သုံးကားမှာပါဝင်ခဲ့တဲ့ အက်ရှင်ပြကွက်တချို့ကို တစ်မိနစ်စာနီးပါး ကောက်နှုတ်ပြသခဲ့တာဖြစ်ပါတယ်။

Baaghi 4 ကိုလည်း Nadiadwala Grandson Entertainment Pvt Ltd ကုမ္ပဏီကနေပဲ ထုတ်လုပ်ပြသသွားမှာဖြစ်ပြီး ပြသရက် အတိအကျအပါအဝင် ဒါရိုက်တာနဲ့ ကျန်အသေးစိတ်ကိုတော့မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်