(၂၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဒေသဖွံဖြိုးရေးအတွက် တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်ရမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြော

၂။ စက်မှုကဏ္ဍအတွက် လိုအပ်သော စက်ပစ္စည်းများ တင်သွင်ရေးကိစ္စအတွက် စက်မှုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ Nipha Exports Private Limited (NIPHA)မှ ဒုဥက္ကဋ္ဌတိုတွေ့ဆုံ

၃။ မမှန်မကန်အလုပ်ကမ်းလှမ်းစာဖြင့် အလုပ်သမားများထံမှငွေလိမ်လည်ကောက်ယူနေသည့် အေဂျင်စီများကို အရေးယူမည်

၄။ ဆီစက်ချေးငွေ ကျပ်သိန်း ၃၀၀၀ အထိ ထုတ်ချေးမည်

၅။ ခြိမ်းခြောက်မှုတွေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးမည်

၆။ မြန်မာအလုပ်သမားတစ်ဦး ထိုင်းအစိုးရထီပေါက်လို ဘတ် ၆ သန်းရရှိ

၇။ ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ် ယာယီဖျက်သိမ်းပြီး လက်မှတ်ခများ ပြန်အမ်းပေး

၈။ မတ်လ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၇၉၉,၇၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၃၀ ကျပ်၊ Octane 95 – ၂၈၄၅ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထိုင်းသို့ ၂၅ရက်ကြာအပူဇော်ခံကြွလာသည့်အိန္ဒိယမှဓါတ်တော်များ ပြန်လည်ပင့်ဆောင်

၂။ အယ်လ်ရှီဖာဆေးရုံကို အစ္စရေး ထပ်မံစီးနင်းတိုက်ခိုက်

၃။ အသံထက်မြန်သည့် AGM-183 ဒုံးကျည်ကို အမေရိကန်လေတပ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

၄။ ပီရူးတောင်ပိုင်းတွင် မိုးသည်းပြီး ရွှံ့နွံပြိုကျမှုဖြစ်ပွား

၅။ တရုတ်အမြန်လမ်း ဥမင်လိုဏ်ခေါင်းနံရံကို ဘတ်စ်ကားတစ်စီးဝင်တိုက်မိလို့ လူ ၁၄ ဦးသေဆုံး၊ ၃၇ ဦးဒဏ်ရာရ

၆။ အာကာသထဲ နျူလက်နက်မချထားရန် အမေရိကန်နှင့် ဂျပန်တိုက်တွန်း

အားကစားသတင်းများ

၁။ ဘရော်နီကာ နောက်မှာ မွေထိုင်းလက်ဝှေ့လောကကို စတင်ထိုးဖောက်လာတဲ့ မေသဇင်ထူး

၂။ လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာ ရရှိပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲ လွဲချော်ဖွယ်ရှိတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်

၃။ ဂျပန်အသင်းပရိသတ်များ မြောက်ကိုရီးယား၌ ကျင်းပမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲသို သွားရောက်မကြည့်ရှုရန် ဂျပန်အစိုးရ သတိပေး

၄။ ပရီးမီးယားလိဂ်သွင်းဂိုးမရခင် ရုန်းကန်ခဲ့ရမှုတွေအကြောင်း ဖွင့်ဟလာတဲ့ ဟွိုက်လန်း

၅။ အိုးထရက်ဖို့ဒ်ကွင်းကို တစ်ဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်

အနုပညာသတင်းများ

၁။ နာမည်ကြီးမင်းသားတစ်ဦးနဲ့ Date ခွင့်ရဖိုအတွက် TV အစီအစဉ်မှာ ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် Dating TV Show တစ်ခု မကြာခင်ထုတ်လွှင့်မယ်

၂။ ဘဲဘဲခြင်း စိတ်မဝင်စားပေမဲ့ မုဒ်ဝင်သွားတဲ့ တိုင်ရွန်

၃။ ခင်ပွန်းက မူရင်းကို သိတဲ့အချိန်မှာ အရမ်းကို တုန်ပြီးတော့ ချစ်သွားတာဆိုတဲ့ စံပယ်မိုး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Baaghi 4 ထွက်ရှိလာဦးမယ်လို့ Tiger Shroff အတည်ပြုလာ
Next post သိန်း၂ထောင်ကျော်တန်ဖိုးရှိ Hollywood Spectra စက်ကြီးကို PAN Aesthetics မှ ဝယ်ယူခဲ့