ရန်ကုန်မှာ PDFတွေ သယ်လာတဲ့ဗုံးပေါက်ကွဲမှု နှစ်နေရာမှာ ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နဲ့လှိုင်သာယာမြို့နယ်တို့မှာ မတ်လ ၁ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှု များဖြစ်ပွါးခဲ့တာကြောင့် ပြည်သူ လေးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဗိုလ်ချုပ်ကြေးရုပ်လမ်းထောင့်တွင် ဟွန်ဒါဖစ် အနီရောင်ယာဉ် ပေါ်မှာ 9MM ဗုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ကနဦး သိရှိရတာဖြစ်ပြီး အမျိုးသားတစ်ဥဦးနဲ့အမျိုးသမီးတစ်ဦး နှစ်ဦးသေဆုံးခဲ့ကာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာ ဥဦးခေါင်းဒဏ်ရာ ရရှိခဲ့လို့ သိရပါတယ်။

အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၂)ရပ်ကွက်၊ ညောင်တုန်း(၁)ထိပ်မှတ်တိုင်အနီးတွင် မတ်လ ၁ ရက် ည ၇ နာရီခွဲခန့်အချိန်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ အမျိုးသား ၂ ဦး ဘထ္ထရီစက်ဘီးပေါ် မှ ပေါက်ကွဲမှုဖြစ်တာကြောင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီအပြင် ပေါက်ကွဲမှုဖြစ်စဥ်နေရာမှ တွေ့ရှိရတဲ့ အိတ်တစ်လုံးအတွင်းမှလည်း လက်လုပ်ဗုံးတစ်လုံးတွေ့ရှိရ၍ အသွားအလာကန့်သတ်ထားချိန် ထပ်မံပေါက်ကွဲမှုလည်း ဖြစ်ပွါးခဲ့ပါတယ်။ အဆိုပါဖြစ်စဥ်များတွင် သေဆုံးဒဏ်ရာရသူများမှာ ဗုံးသယ်ယူလာသော PDF များဖြစ်တယ်လို့ လက်တလော မှာသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗဟိုဘဏ်က မတ်လ (၄) ရက်နေ့မှာအမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမယ်လို့ ထုတ်ပြန်
Next post ဖူလီလိုက် လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဖြစ်သူ လီကျိန်းချန် (ခ) လျိုအားပေါက် တရုတ်အကျဉ်းထောင်တွင် သေဆုံး