ဗဟိုဘဏ်က မတ်လ (၄) ရက်နေ့မှာအမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမယ်လို့ ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ လာမယ့်မတ်လ (၄) ရက်နေ့မှာ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းကို အမေရိကန် ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၃၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ်သန်း ၉၀၀ ကို တစ်လခွဲအတွင်းရောင်းချပေးထားပြီးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ဒီဇင်ဘာ (၅) ရက်မှစတင်ကာ နိုင်ငံခြားငွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက် ဒေါ်လာငွေလဲလှယ်နှုန်းကတရိပ်ရိပ်မြင့်တက်ခဲ့ရာ လက်ရှိတွင် တစ်ဒေါ်လာ ၃၆၀၀ ကျပ်ကျော် အထိ ရောက်ရှိလာကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂.၃.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရန်ကုန်မှာ PDFတွေ သယ်လာတဲ့ဗုံးပေါက်ကွဲမှု နှစ်နေရာမှာ ဖြစ်ပွား