အိန္ဒိယနိုင်ငံရဲ့ ပဲရည်ညွှန်ဈေးသတ်မှတ်မယ် ဆိုတဲ့ သတင်းကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်း

အိန္ဒိယနိုင်ငံရဲ့ ပဲရည်ညွှန်ဈေးသတ်မှတ်မယ်ဆိုတဲ့ သတင်းများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းလာတယ်လို့ သိရပါတယ်။ အန္ဒိယအစိုးရ ပဲဈေးကွက်နဲ့ဈေးနှုန်းထိန်ချုပ်ရန် ကြိုးစားလာမှုကြောင့် အိန္ဒိယဈေးကွက်ကို အဓိက အားကိုးနေရတဲ့ မြန်မာ့ပဲ ဈေးကွက်တွင် ဈေးနှုန်းကျဆင်းမှု သိသာလာတဲ့အထိ ရိုက်ခတ်မှု ရှိလာနေတာပါ။

ရည်ညွှန်ဈေး သတ်မှတ်မယ်ဆိုတဲ့သတင်းများကြောင့် ပို့ကုန်ပဲစင်းငုံ တစ်အိတ် အမြင့်ဆုံးဈေး ငွေကျပ် ၄၂၀၀၀၀ ထိ ပေါက်ဈေးရှိရာမှ တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ ထိဈေးကျဆင်းသွားပါတယ်။ ဖေဖော်ဝါရီလ (၂၂) ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာပြီး ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀ ပေါက်ဈေးရှိပါတယ်။

အလာတူ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀၊ မြေပဲအနီ လုံးဆံ(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၇၀၀ ပေါက်ဈေးရှိနေကြောင်း ကုန်စည်ဒိုင်များက ဖော်ပြထားတဲ့ဈေးနှုန်းများအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၂-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post လျှပ်စစ်ဘတ်စ်များ ထုတ်လုပ်မည့်လုပ်ငန်းများကို အမြန်လုပ်ရန် စက်မှုဝန်ကြီးပြော