(၂၆-၂-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၆-၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို တင်ဆက်ပေးလိုက်ပါသည်။

ပြည်တွင်းသတင်းများ

၁။ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ကြုံတွေ့ရပါက ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ်များသို အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂။ ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်တွင် မြန်မာနိနိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းသို ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးမည်

၃။ မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲတိုတွင် Online booking စနစ်ဖြင့် ပတ်စ်ပိုလျှောက်ထားနိုင်ပြီ

၄။ ရှမ်းပြည်၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟု သတင်းရသဖြင့် ဝယ်ယူလိုကြောင်းကို နိုင်ငံခြားသားတစ်ဦးက ပြောဆိုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ဖြေရှင်း

၅။ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ယခင်က မဲဆောက်အပါအဝင် သုံးမြိုနယ် သွားလာခွင့်ရှိသော်လည်း ယခုအခါ မဲဆောက် တစ်မြိုတည်းသာ ခွင့်ပြု

၆။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာဟလများဖြန့်ကာ ငွေကြေးမတန်တဆ တောင်းခံ သူများနှင့်ကြားခံပွဲစားများကို အရေးယူမည်

၇။ ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲဝင်များအတွက် ညောင်လေးပင်ခရိုင်အတွင်းရှိ ဈေးသူဈေးသားများက ငွေကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

၈။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၆၆၃,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၇၀ ကျပ်၊ Octane 95 – ၂၈၈၅ ကျပ်၊ Diesel – ၂၅၆၅ ကျပ်၊ Premium Diesel – ၂၆၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲက ဖိလစ်ပိုင်အစိုးရ၏ ထောက်ပိုသင်္ဘောကို ပိတ်ဆိုဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင် စွပ်စွဲ

၂။ သီရိလင်္ကာက ရုရှားနှင့် ယူကရိန်းနိုင်ငံသားများအတွက် ကာလရှည် ခရီးသွားဗီဇာ သက်တမ်းတိုးမှုများကို အဆုံးသတ်ကြောင်း ကြေညာ

၃။ တောင်ကာရိုလိုင်းနားပြည်နယ် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က အဓိကပြိုင်ဘက်ဖြစ်သူ နီကီဟာလေးကိုအနိုင်ရ

၄။ ပင်လယ်နီအတွင်း တိုက်ပွဲများပြင်းထန်နေလျက်ရှိပြီး ယီမင်ရှိ ဟူသီစခန်းများကို အမေရိကန်နှင့် ယူကေတို ဗုံးကြဲချ

၅။ AI ပညာရေးအခြေခံ ကျောင်း ၁၈၄ ကျောင်းစာရင်း တရုတ်ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

၆။ အငတ်ဘေးကျရောက်နိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသော ဆူဒန်နိုင်ငံ

အားကစားသတင်းများ

၁။ အာရှခြေစစ်ပွဲစဥ်၊ အာဆီယံချန်ပီယံရှစ် နှင့် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာ ယူ – ၁၉ အသင်း လေ့ကျင့်ပြင်ဆင်နေ

၂။ ထိုင်းဖိုက်မှ ဝါရင့်ဖိုက်တာ ဆန်ချိုင်းနှင့် ထိုးသ-တ်မည့် မင်းရဲ‌ကျော်စွာ ပြင်းထန်ဒဏ်ရာရသွားခဲ့သည့်အတွက် ပွဲစဥ်ကိုရွေ့ဆိုင်း

၃။ အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုးနိမ့်ခဲ့သည့် ဘရော်နီကာ

၄။ ပြိုင်ပွဲဝင်အသင်း ၂၀ ကျော်ပါဝင်သည့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို နေပြည်တော်၌ (၇) ရက်ကြာကျင်းပမည်

၅။ ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့သော်လည်း ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ်မှာရောက်ရှိနေဆဲဖြစ်တယ်လို့ ပြောကြားလာတဲ့ တန်ဟက်

အနုပညာသတင်းများ

၁။ ကျွန်မယောက်ျားက အနုပညာလုပ်ဖို ခွင့်ပြုတယ်ဆိုတဲ့ မအေးသောင်း

၂။ အနုပညာရှင်အစစ်ဆိုတာ စိတ်ထဲမှာ နုနုရွရွလှလှပပလေး‌ကို ခံစားတာမို နုဖတ်ပြီးလှနေတာဆိုတဲ့ ဝါဝါဝင်းရွှေ

၃။ တစ်ခါတစ်ရံ ရိုက်ကွင်းပေါ်မှာ အရက်အစစ်တွေ သောက်ကြပြီး ဆက်မရိုက်ဖြစ်တာတွေကလည်း ပျော်စရာကောင်းတယ်ဆိုတဲ့ အလင်းရောင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅.၂.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post အိန္ဒိယနိုင်ငံရဲ့ ပဲရည်ညွှန်ဈေးသတ်မှတ်မယ် ဆိုတဲ့ သတင်းကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်း