British Academy Film Awards မှာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် ဆု ၇ ဆုကို Oppenheimer ဇာတ်ကား ဆွတ်ခူး

ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့တဲ့ နျူကလီးယားလက်နက်ကို ဖန်တီးခဲ့တဲ့ ရောဘတ် အော့ပန်ဟိုင်းမားအကြောင်းကို ရိုက်ကူးထားတဲ့ Oppenheimer ဇာတ်ကားက ၇၇ ကြိမ်မြောက် British Academy Film Awards မှာ အကောင်းဆုံးရုပ်ရှင်၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးမင်းသားဆုအပါအဝင် ဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။

ဗြိတိန်ဖွား ရုပ်ရှင်ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်က သူ့ရဲ့ပထမဆုံးအကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပြီး မင်းသား ခေလီယံ မာဖီကလည်း ရောဘတ် အော့ပန်ဟိုင်းမားဇာတ်ရုပ်အတွက် အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီလိုရှုပ်ထွေး လှတဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ရတဲ့အတွက် ကျေးဇူးတင်ရပါတယ်လို့ မာဖီက ဆိုပါတယ်။

ဒီဇာတ်ကားက ဆုအမျိုးအစား ၁၃ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ “Poor Things”၊ “Killers of the Flower Moon”၊ “Anatomy of a Fall”၊ “The Holdovers” ဇာတ်ကားတွေကို ကျော်ပြီး အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တာပါ။ တည်းဖြတ်ဆု၊ ဓာတ်ပုံဆုနဲ့ တေးဂီတဆုတွေအပြင် မင်းသားကြီး ရောဘတ် ဒေါင်းနီ ဂျူနီယာကလည်း အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က Oppenheimer ဇာတ်ကားကို Barbie ဇာတ်ကားနဲ့အပြိုင်ရုံတင်ခဲ့ပြီး ရုံတင်ငွေက ထုတ်လုပ်ရေးကုန်ကျစရိတ် ထက်တောင် ကျော်လွန်သွားခဲ့တဲ့အထိ တခဲနက်အားပေးနှစ်ခြိုက်ခံခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မာလီနိုင်ငံသား တိုက်စစ်မှူး အီမန်နူရယ်ဆန်နိုဂို ကို ၁ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ
Next post အချစ်ဦးက မိန်းကလေးကောင်မလေးလို့ ပြောပြလာသော သရုပ်ဆောင် စနိုးကြည်ဖြူ