ရွှေပြည်သာမြိုမှာကားပေါ် ခြင်ဆေးခွေထွန်းအိပ်ရာက ကား ၂ စီးမီးလောင်ဆုံးရှုံးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ အမှတ်(၁၆) ရပ်ကွက်၊ မြိုပတ်လမ်းမှာဖေ ဖော်ဝါရီ ၁၄ရက်နေ့ မနက် ၄ နာရီ ၅၉မိနစ် အချိန်က ကားပေါ် ခြင်ဆေးခွေထွန်းအိပ်ရာက ကား ၂ စီးမီးလောင်ဆုံးရှုံးခဲ့တဲ့ ဖြစ်စဥ် တစ်ခု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲမှ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရွှေပြည်သာမြိုနယ်မီးသတ်စခန်းက မီးငြှိမ်းသတ် ယာဉ် (၁) စီး၊ လှော်ကားနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၁၁ အချိန်မှာ မီးငြိမ်းခဲ့တယ်လိုသိရပါတယ်။ စစ်ဆေးမှုတွေ အရ ခြင်ဆေးခွေမီးက ဆို ဖာထိုင်ခုံပေါ် မီးကူးစက်ပြီး လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း၊မီးလောင်မှုကြောင့် HIGER အမျိုး အစားကားတွေရဲ့ဆိုဖာထိုင်ခုံတွေ၊ တာယာလေးလုံးနဲ့ အင်ဂျင်ခန်းရှိ ဝါယာကြိုးတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရဟန်းဝတ် ကုသိုလ်ယူခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလ
Next post တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း