ရဟန်းဝတ် ကုသိုလ်ယူခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလ

သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားကြီးဖြစ်သူ သရုပ်ဆောင် ဘုန်းမင်းနေလ သည် မနေ့က ဖေဖော်ဝါရီလ (၁၃)ရက်နေ့ မနက်ပိုင်းကစပြီး သစ်တံခါးဆရာတော်ထံ ရှင်ပညာသိဒ္ဓိကဘွဲ့အမည်ဖြင့် (၇)ရက်တာ ရဟန်းခံမည် ဖြစ်ကြောင်း သိရှိရ ပါတယ်။

သားဖြစ်သူ သရုပ်ဆောင် ဘုန်းမင်းနေလ ရက်တစ်ပတ်တာ ဝတ်တာကြောင့် “ရဟန်းအမကြီးလို့အခေါ်ခံရတဲ့ပီတိက ဘာနဲ့မှနှိုင်းလို့မရဘူး၊ သူ့စိတ်ဆန္ဒနဲ့သူအခုလိုဝတ်သွားတော့ သူလည်းကုသိုလ်ရတယ် အမေကိုလည်း ကျေးဇူးဆပ်ရာ ရောက်တယ် ဒီလိုအချိန်ကိုမျှော်နေခဲ့တာလို့” သရုပ်ဆောင် ခင်ဇာခြည်ကျော် ပြောဆိုလာပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တဲ့ ရဟန်းခံအလှူ လေးဒီနေ့တော့အထမြောက် အောင်မြင်ခဲ့ပါပြီ ရှင် ဟု သရုပ်ဆောင် ခင်ဇာခြည်ကျော်က သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ ပရိသတ်တွေကို အသိပေးလာတာလည်း ဖြစ်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်သူများနေ့မှာ အမှတ်တရဖြစ်သွားအောင် လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင်နေရဲ
Next post ရွှေပြည်သာမြိုမှာကားပေါ် ခြင်ဆေးခွေထွန်းအိပ်ရာက ကား ၂ စီးမီးလောင်ဆုံးရှုံးခဲ့