
ညောင်ရွှေမြို့၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီက ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနား တက်ရောက် လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ရှမ်းပြည်နယ်အလံတို့ကို အလေးပြုကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့်(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာလင်းကဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်နိုင်ဦးမှ ဖတ်ကြားခဲ့သည်။
ထို့နောက် ရှမ်း၊ အင်းသား၊ ပအိုဝ်း၊ တောင်ရိုး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော် ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။


