တပ်မတော်ဆေးရုံကြီး၌ ပဉ္စမအကြိမ်အသည်းအစားထိုး ကုသမှု ဒုတိယနေ့ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပဉ္စမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ဇန်နဝါရီလ ၂၈ ရက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဦးဆန်းဦး နှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုနိုင်လင်းဦး တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသောအသည်းကို ညနေ ၃ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။

အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက် ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူ များက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များအား အခြေခံစားကုန်များ၊ ဆေးဝါးများထောက်ပံ့ပေးအပ်
Next post လပ်ကီးဒိုင်းမွန်းမြန်မာရဲ့ မြိတ်မြို့ စိန်ထည် ကျောက်ထည် အထူးအရောင်းပွဲတော်ကြီးကို တက်ရောက်ခဲ့သော မာရီကိုးလ်