ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များအား အခြေခံစားကုန်များ၊ ဆေးဝါးများထောက်ပံ့ပေးအပ်

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)၊ ပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခြေခံစားကုန်များ၊ ကျန်းမာရေး အထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်‌နေ့ နံနက် (၁၀:၀၀)နာရီအချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စား များအား အခြေခံစားကုန် များ၊ ကျန်းမားရေးအထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာသည့် ပင်စင်စားများမှ လက်ခံ ရယူခဲ့ပါသည်။

အဆိုပါ ပင်စင်လစာထုတ်ပေးမှုမှာ မြို့ပြပင်စင်စား ၁၇ ဦး၊ ကာကွယ်ရေးပင်စင်စား ၇၃ ဦး၊ စုစုပေါင်း ၉၀ ဦးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထိ ပင်စင်လစာများ ထုတ်ပေးခဲ့ပြီး လစဉ်ပုံမှန် ထုတ်ပေးနိုင်ရေး မြန်မာ့စီးပွားရေးဘဏ်မှ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပင်လောင်းမြို့နယ်တွင် ယာယီနေစွန့်ခွာ ပြည်သူ (၃၃၀)ဦး တို့အား ထောက်ပံ့ငွေများ ပေးအပ်
Next post တပ်မတော်ဆေးရုံကြီး၌ ပဉ္စမအကြိမ်အသည်းအစားထိုး ကုသမှု ဒုတိယနေ့ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့