မလေးရှားမှာ ဖမ်းဆီးခံရတဲ့ အေမီဈာန် နဲ့ Sexy မော်ဒယ် ဖူးပွင့်ခိုင် ပြန်လည်လွတ်မြောက်
မလေးရှားနိုင်ငံ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club မှာ Sexy မော်ဒယ်ဖူးပွင့်ခိုင်နဲ့ အဆိုတော် သရုပ်ဆောင် အေမီဈာန်တို့ ထိန်းသိမ်းခံခဲ့ရာကနေ အေမီဈာန် နဲ့ Sexy မော်ဒယ်ဖူးပွင့်ခိုင် ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
“ပြန်လွတ်လာပါပြီ ရှင်”လို့ Sexy Model ဖူးပွင့်ခိုင်က ဒီကနေ့ နေ့လည်ပိုင်းက ပရိသတ်တွေကို အသိပေးလာတာ ဖြစ်ပါ တယ်။
မလေးရှားနိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက Sexy မော်ဒယ်ဖူးပွင့်ခိုင်ရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့ကိတ်ခွဲနေချိန်မှာ မလေးရှားနိုင်ငံက ရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာက ဖူးပွင့်ခိုင်၊ အေမီစျာန်နဲ့အတူ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၀၀ နီးပါးမှာ တချို ပြန်လည်လွတ်မြောက်ခဲ့တာရှိသလို မလွတ်မြောက် သူတွေကိုတော့ မလေးရှားရောက် မြန်မာနိုင်ငံသားတချိုက ကူညီဆောင်ရွက်ပေးနေတယ်လို သိရပါတယ်။