၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်ဝင်ကြေးငွေ ကျပ်သိန်း ၃၈၀ ကျော် ကောက်ခံရရှိခဲ့

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ ပြတိုက်ဝင်ကြေး ငွေကျပ် ၃၈,၅၂၆,၀၀၀ ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်စေရန် ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းခရီးသွား (၈၃၄၃၃) ဦး၊ ပြည်ပနိုင်ငံသား ၊ (၃၂၈) ဦး ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ ပြည်ပနိုင်ငံသား ၁၂၃ ဦး ဝင်ရောက်ခဲ့သည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Pure Wellness Clinic ဖွင့်ပွဲ အနုပညာရှင်များ တက်ရောက်
Next post မလေးရှားမှာ ဖမ်းဆီးခံရတဲ့ အေမီဈာန် နဲ့ Sexy မော်ဒယ် ဖူးပွင့်ခိုင် ပြန်လည်လွတ်မြောက်