ဗိဿနိုးမြို့ဟောင်း၊ ရွေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ ဗိဿနိုးမြို့ဟောင်း၊ ရွေရောင်တော်ဘုရားတွင် ကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဇန်နဝါရီ ၂၃ ရက်နေ့က လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များအနေဖြင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပနေပြီ
Next post ခြေစမ်းပွဲများတွင် ရလဒ်ဆိုးနေသည့် မက်ဆီ၏ အင်တာမိုင်ယာမီ