အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပနေပြီ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် ပုဂံမြို့ရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကို ဇန်နဝါရီလ၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အာနန္ဒာမြတ်စွာဘုရားကြီးဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ပြာသိုလဆန်း ၁၁ရက် (ဇန်နဝါရီ ၂၁ ရက်မှ) ပြာသိုလပြည့် ကျော် ၁ ရက်နေ့အထိ စတင်ကျင်းပလျက်ရှိပြီး ၁၃၈၃ ခုနှစ် ပြာသိုလပြည့်နေ့ ဇန်နဝါရီလ၂၅ ရက်နေ့၌ အာနန္ဒာဘုရား ကြီးရင်ပြင်၌ ဆရာတော်သံဃာအရှင်သူမြတ်တို့အား ဆွမ်းသပိတ်လုံးများ ဆက်ကပ် လှူဒါန်း ပူဇော်မည်ဖြစ်သည်။

ယခုနှစ်တွင် ပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး အာနန္ဒာဘုရားသည် ပုဂံခေတ်ကျန်စစ်သားမင်း တည်ထား ကောင်းမှုပြုခဲ့သော ဘုရားတစ်ဆူဖြစ်ပြီး အနုပညာလက်ရာ အများဆုံးဘုရားတစ်ဆူအဖြစ် ထင်ရှားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိန်ဧကရီ ရဲ့ ပဲခူးမြို ဈေးရောင်းပွဲတော်ကြီး ကျင်းပ
Next post ဗိဿနိုးမြို့ဟောင်း၊ ရွေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပမည်