
ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ
လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပျမ်းမျှအနေဖြင့် ငွေကျပ်သန်း(၃၀၀)နီးပါး ကုန်ကျလျက်ရှိပြီး ၂၀၂၁ ခုနှစ်မှ စတင်၍ ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်(၉၀) နီးပါးရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရပါတယ်။
လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပစ္စည်းခများ အပါအဝင် လုပ်အားခကုန်ကျစရိတ်များ စုစုပေါင်း ပျမ်းမျှတစ်တိုင်လျှင် မြန်မာကျပ်ငွေသန်း(၃၀၀) နီးပါး ကုန်ကျမည် ဖြစ်ပြီး အဆိုပါတာဝါတိုင်တစ်တိုင် တည်ဆောက်ရန် အတွက် ဖောင်ဒေးရှင်းလောင်းခြင်း(၁၅)ရက်ခန့် ကြာ မြင့်ပြီး တိုင်ဆင်ခြင်း(၄)ရက် နှင့် ကြိုးကြွေသီးတပ်ခြင်း (၁)ရက် စုစုပေါင်းရက်(၂၀)ခန့် ကြာမြင့်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဓာတ်အားပိုလွှတ်ရေးလိုင်းများအား (၅၉)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း(၃၉)တိုင် ပြိုလဲပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လျှပ်စစ်တာဝါတိုင်ပေါင်း(၃၃) တိုင် ကျန်ရှိနေကြောင်း သိရ ပါတယ်။