ဘာစီလိုနာကိုဂိုးပြတ် အနိုင်ယူပြီး (၁၃) ကြိမ်မြောက် စပိန်စူပါဖလားကို ရယူနိုင်ခဲ့သည့် ရီးရဲလ်မက်ဒရစ်

ဇန်နဝါရီလ ၁၅ ရက်

စပိန်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာကိုဂိုးပြတ် အနိုင်ယူပြီး (၁၃) ကြိမ်မြောက် စပိန်စူပါဖလားကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတိုသည် စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ်ယနေ့ (ဇန်နဝါရီ ၁၅) နံနက်အစောပိုင်းက ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်ကစားသမား ဗန်နီးရှပ်ဂျူနီယာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရီးရဲလ်မက်ဒရစ်က ၄ ဂိုး ၁ ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းသည် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် (၉) ကြိမ် ထိပ်တိုက်တွေ့ဆုံရာ (၇) ကြိမ်အထိ အနိုင်ရရှိခဲ့ပြီး အသင်းအတွက်(၁၃) ကြိမ်မြောက် စပိန်စူပါဖလားကိုပါရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံခြားငွေဈေးကွက်သို့ ဒေါ်လာ ၁၅ သန်း ဗဟိုဘဏ် ယနေ့ ထပ်မံရောင်း‌ချ
Next post ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ