ဗိုလ်ချုပ်ကြီး မိုးအောင်အား ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်

ဗိုလ်ချုပ်ကြီးမိုးအောင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇန်နဝါရီ ၈ ရက်တွင် အမိန့်များထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်အားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦးအားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမိုးအောင်အားလည်းကောင်း ခန့်အပ်တာဝန်ပေးကြောင်း အမိန့်အမှတ်(၃/၂၀၂၄)ဖြင့် ထုတ်ပြန်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အစား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်အား အစားထိုးခန့်တာဝန်ပေးလိုက်ကြောင်း နစကက အမိန့်အမှတ်(၄/၂၀၂၄)ဖြင့် ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။ ဗိုလ်ချုပ်ကြီးမိုးအောင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ)တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်
Next post ၄ လအတွင်း အင်စတာဂရမ်မှာ ပရိသတ် သိန်းချီရခဲ့တဲ့ AI မော်ဒယ်