ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အမေရိကန် ရောက် မြန်မာအသိုင်း အဝိုင်းမှ သိရသည်။ မြန်မာစံတော်ချိန် ယနေ့ နံနက် ၅ နာရီ ၅၈ မိနစ်၊ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊အသက် ၈၁ နှစ်အရွယ်၌ သူနေထိုင်သည့် အမေရိကန်ပြည်ထောင်စု၊ ဖိုဒ်ဝိန်းမြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

စန္ဒကိန္နရီ သီချင်းကိုကြားပြီးနောက် အဆိုတော်ဖြစ်ချင်လာမိသည့် ဒေါ်မာမာအေးသည် မာမာအေးနာမည်နဲ့ လည်း ၁၉၅၈ ခုနှစ်မှာ တေးညွန့်မင်္ဂလာ သီချင်းဖြင့် စတင်ဓါတ်ပြားသွင်းခဲ့သည်။ “အချိန်ရမှ ‌နားထောင်ပါ””မောင့်အချစ်မြား” “တုံးကျော် မ”စသည့်သီချင်းပေါင်းများစွာဖြင့် ပရိတ်သတ်၏အသည်းနှလုံးကိုနှစ်ပေါင်းများစွာ သိမ်းပိုက်ခဲ့သည့် ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးကွယ်လွန်သွားသည့်အတွက် အနုပညာတွေရော ပရိတ်သတ်များပါ အထူးဝမ်းနည်းကြေကွဲကြောင်း ရေးသား ဖော်ပြထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နာခွန် ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းနှင့် ပွဲဦးထွက်မှာပင် ဂိုးရခဲ့သည့် အောင်ကောင်းမာန်
Next post ဗိုလ်ချုပ်ကြီး မိုးအောင်အား ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်