ထီဆုမဲ(၁၀၀၀၀)ကျော်ကို ဇန်နဝါရီလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု အသိပေး

ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ (၁၀၀၀၀)ကျော်ကို ဇန်နဝါရီလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့ (ဇန်နဝါရီလ ၅ ရက်)တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၄၇)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၈၃၆၂၂)ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ (၁၀၀၄၇)ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း သိရသည်။ လာရောက် ထုတ်ယူခြင်းမရှိသေးသည့် ဆုများသည် ကျပ်သိန်း ၁၀၀၀ (၁)ဆု၊ ကျပ်သိန်း ၅၀၀ (၁)ဆု၊ ကျပ်သိန်း ၁၀၀ (၁)ဆု၊ ကျပ်သိန်း ၅၀ (၂)ဆု၊ ကျပ် ၂၀ သိန်း (၁)ဆု၊ ကျပ် ၁၀ သိန်း (၂)ဆု၊ ကျပ် ၃ သိန်း (၁၁)ဆု၊ ကျပ် ၂ သိန်း (၁၁၁)ဆု၊ ကျပ် ၁ သိန်း (၉၈၆)ဆု၊ ကျပ် ၅ သောင်း (၁၃၂၉) ဆု နှင့် ကျပ် ၁ သောင်း (၇၆၀၂) ဆုတို့ ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် စုစုပေါင်း ထီဆုမဲလက်မှတ် (၁၀၀၄၇) ဆုရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများတောင်ခံနိုင်ကြောင်း အသိပေးထားသည်။ အဆိုပါ ထီဆုမဲများအား လာမည့် ဇန်နဝါရီလ (၃၁)ရက် နောက်ဆုံးထား၍ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နှစ်သစ်ကူးနေ့ ဂျပန်ငလျင်အတွက် စင်္ကာပူဝန်ကြီးချုပ်လီက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့
Next post ကျောက်ပန်းတောင်းမှ အငြိမ့်မင်းသမီး ဘိုမ အကြမ်းဖက် လှုံ့ဆော်မှုကြောင့်ထိန်းသိမ်းခံရ