နှစ်သစ်ကူးနေ့ ဂျပန်ငလျင်အတွက် စင်္ကာပူဝန်ကြီးချုပ်လီက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့

နှစ်သစ်ကူးနေ့က ဂျပန်၌ငလျင်လှုပ်ခတ်ခဲ့ပြီး လူထိခိုက်‌သေဆုံးမှုများရှိခဲ့သည့်အတွက်များစွာစိတ်မကောင်းဖြစ်မိကြောင်း စင်္ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းက သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ ဂျပန်နိုင်ငံရှိ အိရှိခဝစီရင်စုမှ နိုတိုဒေသတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါငလျင်သည် ပြင်းအား ၇ ဒသမ ၅ ရှိကာ ငလျင်ဘေးကြောင့် လူပေါင်း ၇၈ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟုလည်း တာဝန်ရှိသူများ၏ဖော်ပြချက်အရသိရသည်။

“နှစ်သစ်ကူးနေ့မှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ကြောင့် ပြည်သူများအသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်စည်းစိမ်တွေ ထိခိုက် ဆုံးရှုံးခဲ့ရတဲ့ အတွက် ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု မစ္စတာလီက ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါထံ သဝဏ်လွှာ ပေးပို့ ခဲ့သည်။

အဆိုပါငလျင်ကြောင့် ဂျပန်နိုင်ငံ၌ လူပေါင်း ၇၈ ဦး‌ေ-သဆုံးပြီး ၃၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင် များ၏ဖော်ပြချက်၌ပါရှိသည်။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင်လည်း အိရှိခဝ၌ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက် ကာ လျှပ်စစ်မီးနှင့်ရေပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် အရေးပေါ်အထောက်အကူပြုပစ္စည်းများ ပို့ဆောင်ကူညီပေးနေ ရသည်ဟုလည်းသိရသည်။

“ဒဏ်ရာရပြည်သူတွေလည်း အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်၊ အခုလိုခက်ခဲနေတဲ့ အချိန်တွေမှာ ဂျပန်အစိုးရနဲ့ရော ဂျပန်ပြည်သူတစ်ရပ်လုံးနဲ့ပါ စင်္ကာပူအနေနဲ့ရပ်တည်ပေးနေပါတယ်၊ ဒါကြောင့် ငလျင်ဘေးအပြီး ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ စင်္ကာပူဘက်ကကူညီနိုင်တာမျိုးရှိရင် သိရှိကူညီပါရစေ” ဟုလည်း မစ္စတာလီ၏သဝဏ်လွှာ၌ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မော်လမြိုင်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ငွေမိုးဟိုတယ်မှာ ကျင်းပနေသော စိန်ဧကရီ နှစ်သစ်ကူးအထူးစျေးရောင်းပွဲ တော်ကြီး ကျင်းပ
Next post ထီဆုမဲ(၁၀၀၀၀)ကျော်ကို ဇန်နဝါရီလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု အသိပေး