ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၃ သန်းနီးပါး ထုတ်ရောင်း

၂၀၂၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၃ သန်းနီးပါးကို ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချ ပေးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ကို SWAP Facility ပေးမယ်လို့ ထုတ်ပြန်ခဲ့တာပါ။အမေရိကန်တစ်ဒေါ်လာကို ဘယ်လောက်နှုန်းထားနဲ့ ထုတ်ရောင်းမယ်ဆိုတာ ဖော်ပြထားခြင်းမရှိဘဲ ပြင်ပငွေကြေးဈေးကွက် မှာတော့ အမေရိကန်တစ်ဒေါ်လာ ၃၄၅၀ ဝန်းကျင်မှာရှိနေပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန် ဒေါ်လာ သန်း ၂၁ ကျော် ထုတ်ရောင်းပေးခဲ့ပါသေးတယ်။ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲနှုန်း ကို သတ်မှတ်ပေးခြင်း မပြုလုပ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ဆောင်ရွက်ခွင့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ခွင့်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နှစ်ဦးနှစ်ကူးနှစ်အစရက်မြတ်လေးမှာ တည်ထားတဲ့ နဂါးရုံ စေတီ ဘုရားဌာပနာပိတ်ခဲ့သော မြတ်သူသူ
Next post မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သမာဓိလမ်းတွင် နေအိမ် မီးလောင်