နှစ်ဦးနှစ်ကူးနှစ်အစရက်မြတ်လေးမှာ တည်ထားတဲ့ နဂါးရုံ စေတီ ဘုရားဌာပနာပိတ်ခဲ့သော မြတ်သူသူ

(၁.၁.၂၀၂၄)ရက်နေ့ နှစ်ဦးနှစ်ကူးနှစ်အစရက်မြတ်လေးမှာ မြတ်သူတို့တည်ထားတဲ့နဂါးရုံစေတီ ဘုရားဌာပနာပိတ်ခဲ့ပါတယ် ရှင် ဟု သူမ၏ လူမှုကွန်ယက်အကောင့်နေက အလှူပုံရိပ်များဖြင့် ပရိသတ်တွေကို ချပြလာတာဖြစ်ပါတယ်။

ထူးခြားတိုက်ဆိုင်စွာနဲ့ ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသော ရုပ်ပွားတော် (၃)ဆူနဲ့အတူ မင်္ဂလာဦး လက်ဆောင်နီလာ ကျောက်မြတ်ရတနာတွေနှင့်တကွဌာပနာခွင့်ရရှိခဲ့လို အထူးပီတိဖြစ်မိပါတယ် …နဂါးရုံဆရာတော်ကြီးဦးစီးပြီး ဘုန်းတော်ကြီးကျောင်း (၂၁၀)ကျော်အတွက် ဆန်,ဆီ,ဆား နှစ်ဦးအလှူတော်နှင့် နေ့ဆွမ်းဆပ်ကပ်ခြင်း ကျောင်းရှိလူငယ်တွေအတွက်ပါ ကျွေးမွေးလှူဒါန်းခွင့်ရရှိခဲ့လို့ ပိုမိုသဒ္ဒါပွား ပီတိတိုးမိပါတယ်ရှင်…. ခုထက်မက ပိုမိုလှူဒါန်းပေးကမ်းနိုင်သောသူများဖြစ်ရပါလို​၏ ပြုပြုသမျှကုသလအားလုံးထပ်တူထပ်မျှရရှိကြပါစေရှင် 🙏🙏🙏ဟု လူမှုကွန်ယက်ကနေ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိန်ဧကရီရဲ့ ပုသိမ်မြို့နှစ်သစ်အထူးစျေးရောင်းပွဲတော်ကြီး ပထမနေ့ သရုပ်ဆောင် တိုင်ရွန် တက်ရောက်
Next post ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၃ သန်းနီးပါး ထုတ်ရောင်း