“အမေဟုခေါ်သည်” ရုပ်ရှင်ဇာတ်ကားမှာ မိခင်မေတ္တာကို အပီအပြင်ဖော်ကျူးရိုက်ပြမည့် ဒါရိုက်တာ မိုက်တီး

Flim Production မှ သရုပ်ဆောင် သုတအောင် နှင့် အိမ်ချစ်ချစ် တို့ အဓိက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး IndrA Flim Production နှင့် SYNERGY Entertainment Company တို့မှ ရိုက်ကူးတင်ဆက်မည့် အမေတွေရဲ့ ဂုဏ်ကျေးဇူးကို ဖေါ်ကျူးမဲ့ “အမေဟုခေါ်သည်”ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မိုက်တီးက ရိုက်ကူးပုံဖော်မည်လို့ သိရှိရပါတယ်တယ်။

“ဇာတ်ကားမရိုက်တာ (၄) နှစ်လောက် ကြာပြီ။ ခုမှ ပြန်ရိုက်မှာပါ။ ဒီခေတ် ဒီအခါက ရုပ်ရှင်ရိုက်ဖို့ အင်မတန် မလွယ်ဘူး။ အင်မတန် ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်းသေမှုက မတိကျနိုင်ဘူးဆိုတော့ အစစအရာရာ ကားရိုက်တဲ့အခါမှာ အများကြီး ကုန်ကျတာရှိမယ်။ ကားပြီးလို့ရှိရင် ရုံတင်တဲ့အခါမှာ အများကြီး အခက်အခဲတွေ ဖြစ်နိုင်တယ်။ ထို့အတွက်ကြောင့် လည်း တို့တွေ ရုပ်ရှင်က ကျဆင်းပြီး ပျောက်ကွယ်သွားလုထိအောင် ဖြစ်ခဲ့ရတယ်။

ခု ဒီကုမ္ပဏီ အသစ်အနေနဲ့က ရုက်ရှင်ကားကြီး ရိုက်မယ်ဆိုတဲ့အခါမှာ ကျေးဇူးတင်ရတယ်ပေါ့။ သူတို့တွေရဲ့စွန့်စားမှုရယ် ဆုတောင်းရပါတယ်။ Congratulations လုပ်ရပါတယ်။ အခု ကိုမိုက် ရိုက်မယ့်ကားက အမေအမျိုးမျိုးရှိတဲ့ ဟာမျိုးလေးတွေပေါ့။ အမေအမျိုးမျိုးရှိတဲ့အခါ သူက အမေပျောက်ရှာတဲ့ ကလေးလေးတစ်ယောက်ပေါ့။ နောက်တစ်ခါ အမေနဲ့ တွေ့ဖို့ရာ အရမ်းခက်ခဲတဲ့ဟာလေးတွေ၊ အများကြီးအရင်းအနှီးကြီးခဲ့တဲ့ဟာလေးတွေ၊ အမေတစ်ခွန်းခေါ်ဖို့ရာ ဘဝ တောင် ပေးရတဲ့ဟာ။ ဇာတ်ကတော့ ကိုမိုက်ရဲ့ဇာတ်ပါ။ ဟိုးအရင်ကတည်းက ကိုယ့်ဘာသာကိုယ် ရိုက်ဖို့ ရေးထားတဲ့ဟာ။ ကြားထဲမှာ ရိုက်ခွင့်မရဘူးပေါ့။ အခုမှရိုက်လို့ရတဲ့အချိန် အဲ့ဟာလေးကို အရင်ဆုံးရိုက်မယ်။ ကိုယ်ကိုယ်တိုင်ရိုက်ချင်လို့မှ ကိုယ့်စိတ်ထဲက အဖြစ်ချင်ဆုံးဟာကို ရွေးပြီးတော့ ရေးထားတဲ့ဟာတွေပေါ့။ အဲ့ဒါတွေက အခုချိန်ထိလည်း ဒီစိတ်ပဲရှိတဲ့အခါမှာ ဒီစိတ်က လတ်ဆတ်တယ်။ အမေဆိုတာရဲ့ ဂုဏ်ကျေးဇူးတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်လေးကိုပဲ ပြလို့ရတာ။ အမေဆိုတဲ့ဟာကို ပြလို့ရှိရင်လည်း ဘာမှပြလို့မရဘူး။ ပြစရာလည်းမရှိဘူး။ ကိုယ့်ကြောင့်မို့လို့ အမေတွေတောင် သိက္ခာကျနိုင်တယ်။ ခုဟာလေးက အမေတွေရဲ့ ဂုဏ်ကျေးဇူး တစ်စိတ်တစ်ဒေသလေးကိုပဲ ကြီးမြတ်ကြောင်းပြမှာ ” လို့ ဒါရိုက်တာမိုက်တီးက ပြောပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေးမြို့ ဇီးဖြူသောင်စံပြကျေးရွာတွင် မီးလောင်မှုဖြစ် နေအိမ် အလုံး (၄၀) ကျော် မီးလောင်ဆုံးရှုံး
Next post အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော်ရှိ MICC-II ၌ ကျင်းပ